Skip to content

လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားသို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှားကို လိုက်နာကျင့်သုံးသူရရှိသည့် အပြစ်အကုသိုလ်အတိုင်း အပြစ်အကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် လိုက်နာကျင့်သုံးသူများ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။

«مَنْ دَعَا إِلَى هُدًى كَانَ لَهُ مِنَ الْأَجْرِ مِثْلُ أُجُورِ مَنْ تَبِعَهُ، لَا يَنْقُصُ ذَلِكَ مِنْ أُجُورِهِمْ شَيْئًا، وَمَنْ دَعَا إِلَى ضَلَالَةٍ كَانَ عَلَيْهِ مِنَ الْإِثْمِ مِثْلُ آثَامِ مَنْ تَبِعَهُ، لَا يَنْقُصُ ذَلِكَ مِنْ آثَامِهِمْ شَيْئًا».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ- မှန်ကန်ကောင်းမြတ်သည့်လမ်းစဉ်ကို နှုတ်ဖြင့်လည်းကောင်း၊ လုပ်ရပ်ဖြင့်လည်း‌ကောင်း လူတို့အား လမ်းပြပေးသူ၊ ညွှန်ပြပေးသူ၊ တိုက်တွန်းသူသည် ၎င်းအားနောက်လိုက်သူများရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် နောက်လိုက်များ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားနှင့် မပြုပိုင်သောကိစ္စ သို့မဟုတ် အပြစ်ထိုက်သော မကောင်းမှုကို နှုတ်ဖြင့်လည်းကောင်း၊ လုပ်ရပ်ဖြင့်လည်း‌ကောင်း လူတို့အား လမ်းပြသူ၊ ညွှန်ပြသူသည် ၎င်းအား နောက်လိုက်သူများရရှိသည့်အတိုင်း အပြစ်အကုသိုလ်ဝန်ထုပ်ကို ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့်နောက်လိုက်များ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်ခြင်း၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ ထိုသို့ဖိတ်ခါ်သူသည် လက်တွေ့ကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်းပင် ရရှိသည်။ ဤသည် အလ္လာဟ်အရှင်မြတ်၏ကြီးကျယ်လှသည့် ကျေးဇူးတော်နှင့် ပြည့်ဝသည့် ရက်ရောမှုပင်ဖြစ်သည်။

နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လမ်းမှားဘက်သို့ ဖိတ်ခေါ်ခြင်း၏ ဆိုးကျိုးကို ဖော်ပြထားသည်။ ထိုသို့ဖိတ်ခါ်သူသည် လမ်းမှားပေါ်တွင်လျှောက်လှမ်းသူ ရရှိသည့်အပြစ်အကုသိုလ်အတိုင်းပင် ရရှိသည်။

လုပ်ရပ်အမျိုးစားနှင့်အညီ အစားရလဒ်ရရှိမည်ဖြစ်သည်။ ကောင်းမှုဘက်သို့ ဖိတ်ခေါ်သူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ မကောင်းမှုဘက်သို့ ဖိတ်ခေါ်သူသည် ထိုမကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အပြစ်အကုသိုလ် ရရှိမည်ဖြစ်သည်။

မွတ်စ်လင်မ်တစ်ဦးသည် မိမိပေါ်ပေါ်ထင်ထင်ပြုလုပ်သည့် မကောင်းမှုကို အခြားသူများမြင်တွေ့ပြီး လိုက်လုပ်ခြင်းမျိုးမဖြစ်စေရန် ရှောင်ကြဉ်ရမည်။ ၎င်းအနေဖြင့် မကောင်းမှုကျူးလွန်ရန် မတိုက်တွန်းခဲ့သော်လည်း သူ့အားအတုယူကာ လိုက်လုပ်ကြသူများ၏အပြစ်ကို ရရှိမည်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2060) (2674).

ထပ်၍ (10)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 262).

تطريز رياض الصالحين.

لفيصل آل مبارك (ص141).

شرح رياض الصالحين.

لابن عثيمين (2/ 360).

كنوز رياض الصالحين.

لمجموعة من الباحثين (3/ 554).

نزهة المتقين شرح رياض الصالحين.

مجموعة من الباحثين (1/ 199).