Skip to content

မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။ ငါကိုယ်တော်သည်(အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။

«مَنْ قَرَأَ حَرْفًا مِنْ كِتَابِ اللهِ فَلَهُ بِهِ حَسَنَةٌ، وَالْحَسَنَةُ بِعَشْرِ أَمْثَالِهَا، لَا أَقُولُ {الم} حَرْفٌ، وَلَكِنْ {أَلِفٌ} حَرْفٌ، وَ{لَامٌ} حَرْفٌ، وَ{مِيمٌ} حَرْفٌ».

သိရ်မိဇီကျမ်း
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှ အက္ခရာတစ်လုံးဖတ်ရွတ်သည့် မွတ်စ်လင်မ်တိုင်းသည် အက္ခရာတစ်လုံးစီတွင် ကောင်းမှုဆယ်ခုရရှိမည်ဖြစ်သည်။ ထိုကောင်းမှုသည် ၎င်းအတွက် အကျိုးကုသိုလ်ဆယ်ဆအထိ တိုးသွားမည် ဖြစ်သည်။ ထို့နောက် ကိုယ်တော်က ရှင်းပြသည်မှာ ငါကိုယ်တော်သည် [ (အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။] ဤသို့ဖြင့် အက္ခရာသုံးလုံးအတွက် ကောင်းမှုသုံးဆယ်ရရှိမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကုရ်အာန်ကျမ်းမြတ်ကို များမြောင်စွာဖတ်ရွတ်ရန် တိုက်တွန်းထားသည်။

ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်သူသည် ၎င်းရွတ်ဖတ်လိုက်သည့် စကားလုံးတိုင်းရှိ အက္ခရာတိုင်းအတွက် ကောင်းမှုတစ်ခုရရှိမည်ဖြစ်ပြီး ထိုကောင်းမှုသည် ကောင်းမှုဆယ်ခုအထိ တိုးသွားမည်ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ ကျယ်ဝန်းလှသော ကရုဏာတော်နှင့် ရက်ရောမှုတို့ကြောင့် အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် အကျိုးကုသိုလ်ကို အဆပေါင်းများစွာ တိုးပေးတော်မူသည်။ ဤသည် အရှင့်ထံတော်မှ ကျေးဇူးပြုမှုနှင့် ပေးကမ်းချီးမြှင့်မှုပင်ဖြစ်သည်။

ကုရ်အာန်ကျမ်းမြတ်သည် အခြားသော စကားများအားလုံးထက် သာပိုမွန်မြတ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည့်အတွက် ထိုကျမ်းမြတ်အား ဖတ်ရွတ်ခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

စုနန်သိရ်မိဇီကျမ်း (5/ 33) (2910).

ထပ်၍ (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 229).

سلسلة الأحاديث الصحيحة.

للألباني (7/ 970).

شرح رياض الصالحين.

لابن عثيمين (4/ 655).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (1/ 742).