ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်
အဗူမတ်စ်အူးဒ် အလ်အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားသဖြင့် ခရီးမသွားနိုင်ပါ။ သို့ဖြစ်၍ ကျွန်တော်မျိုးအား စီးနင်းစရာ ပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က ငါကိုယ်တော်၌မရှိပါဟု ပြောကြားခဲ့သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: إِنِّي أُبْدِعَ بِي فَاحْمِلْنِي، فَقَالَ: «مَا عِنْدِي»، فَقَالَ رَجُلٌ: يَا رَسُولَ اللهِ، أَنَا أَدُلُّهُ عَلَى مَنْ يَحْمِلُهُ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ».
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ ကျွန်တော်မျိုး၏ အစီးအနင်းမှာ သေဆုံးသွားပါသည်။ သို့ဖြစ်၍ ကျွန်တော်မျိုးအား အစီးအနင်းတစ်ခုအပေါ် တင်ပေးတော်မူပါ။ ကျွန်တော်မျိုး ခရီးသွားနိုင်ရန် အစီးအနင်းပေးတော်မူပါဟု လျှောက်ထားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိထံတွင် သူ့အားပေးရန် မည်သည့်အစီးအနင်းမျှမရှိတော့ကြောင်း ပြောကြားတော်မူခဲ့သည်။ ထိုအခါ ထိုနေရာတွင်ရှိနေသူတစ်ဦးက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး သူ့ကို စီးနင်းစရာပေးမည့်သူထံ ညွှန်ပြလိုက်ပါမည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းသည် (အစီးအနင်း) လှူဒါန်းမည့်သူနှင့် အတူအကျိုးကုသိုလ်ရလိမ့်မည်ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လိုအပ်နေသူတစ်ဦးအား လမ်းညွှန်ပေးခဲ့သည့်အတွက် ဖြစ်သည်။
...:
ကောင်းမြတ်သည့်ကိစ္စများကို ညွှန်ကြားပြသရန် တိုက်တွန်းနှိုးဆော်ထားသည်။
ကောင်းမှုကိုဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်းသည် မွတ်စ်လင်မ်လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်မှု၊ ပေါင်းစည်းမှု၏ အကြောင်းခံတစ်ရပ်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် ကျယ်ဝန်းလှသည်။
ဤဟဒီးဆ်တော်သည် ယေဘူယျစည်းမျဉ်းဖြစ်ပြီး ယင်း၌ ကောင်းမှုအားလုံး အကျုံးဝင်သည်။
အကယ်၍ လူတစ်ဦးသည် မေးမြန်းလာသူ၊ တောင်းဆိုလာသူတစ်ဦး၏ဆန္ဒကို မဖြည့်ဆည်းနိုင်လျှင် သူ့အား အခြားသူတစ်ဦးထံ လမ်းညွှန်ပေးရမည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1506) (1893).
ထပ်၍ (5)
شرح النووي على مسلم (11/ 166).
توضيح الأحكام من بلوغ المرام.
للبسام (7/ 349).
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (6/ 298).
Cited in books
6 Booksထပ်၍ (6)
- التحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة على ضوء الكتاب والسنةالتحقيق والإيضاح لكثير من مسائل الحج والعمرة والزيارة - النسخة المعتمدة«مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ» [104]
- الدعوة إلى الله وأخلاق الدعاة«مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ »
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“من دل على خير فله مثل أجر فاعله”.
- تحفة الأخيار تحفة الأخيار (ببيان جملة نافعة مما ورد في الكتاب والسنة من الأدعية والأذكار)«مَنْ دَلَّ عَلَى خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ» [102]
- رياض الصالحينرياض الصالحين مع فوائد وهدايات - 1 «مَنْ دَلَّ عَلَىٰ خَيْرٍ فَلَهُ مِثْلُ أَجْرِ فَاعِلِهِ»،
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«مَنْ دَلَّ عَلَىٰ خَيْر فَلَهُ مِثْلُ أَجْرِ فَاعِلِهِ».