Skip to content

ငြင်းပယ်သူမှလွဲ၍ ငါကိုယ်တော် ၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

ငြင်းပယ်သူမှလွဲ၍ ငါကိုယ်တော် ၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။ ထိုအခါ သာဝကကြီးများက အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ မည်သူမဆို ငါကိုယ်တော့်အမိန့်ကိုနာခံလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆိုငါကိုယ်တော်၏ အမိန့်ကိုမနာခံလျှင် ထိုသူသည်ငြင်းပယ်သူဖြစ်သည်။

«كُلُّ أُمَّتِي يَدْخُلُونَ الْجَنَّةَ إِلَّا مَنْ أَبَى»، قَالُوا: يَا رَسُولَ اللهِ، وَمَنْ يَأْبَى؟ قَالَ: «مَنْ أَطَاعَنِي دَخَلَ الْجَنَّةَ، وَمَنْ عَصَانِي فَقَدْ أَبَى».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငြင်းပယ်သူမှလွဲ၍ ကိုယ်တော်၏ အွမ္မသ်သားအားလုံး ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုအခါ ဆွဟာဗဟ်(ရဿွိယလ်လာဟုအန်ဟုမ်)တို့က အို - အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ငြင်းပယ်သူသည် မည်သူဖြစ်ပါသနည်းဟု လျှောက်ထားမေးမြန်းကြသည်။ ကိုယ်တော်က မည်သူမဆို ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမိန့်ကိုနာခံကာ နောက်လိုက်မှုပြုလျှင် ထိုသူသည် ဂျန္နသ်ကိုဝင်ရမည်ဖြစ်ပြီး မည်သူမဆို အမိန့်ဖီဆန်ကာ ရှရီအဟ်တရားတော်ကို လိုက်နာခြင်းမရှိလျှင် ထိုသူသည် သူ၏မကောင်းသော(အအ်မာလ်)လုပ်ဆောင်မှုများကြောင့် ဂျန္နသ်သို့ဝင်ရောက်ခွင့်ရမည်မဟုတ်ဟု ဖြေကြား‌တော်မူခဲ့သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အမိန့်ကို နာခံခြင်းသည် အလ္လာဟ်အရှင်မြ၏အမိန့်ကို နာခံခြင်းဖြစ်ပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အမိန့်ကို ဖီဆန်ခြင်းသည်အလ္လာဟ်အရှင်မြတ်၏အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အမိန့်နာခံခြင်းသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏အမိန့်ကို ဖီဆန်ခြင်းသည် ဂျဟန္နမ်ငရဲဘုံသို့ ကျရောက်စေမည်ဖြစ်သည်။

ဟဒီးဆ်တော်တွင် ဤအွမ္မသ်သားတို့အနက်မှ အမိန့်နာခံသူများအတွက် သတင်းကောင်းပါရှိသည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်အား ဖီဆန်သူတို့မှအပ ကျန်အွမ္မသ်သားအားလုံးသည် ဂျန္နသ်သို့ ဝင်ရမည်ဖြစ်သည်။

မိမိ၏အွမ္မသ်သားတို့အပေါ် ထားရှိသည့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကရုဏာတော်နှင့် ၎င်းတို့(ဟိဒါယသ်)တရားလမ်းမှန်ရရှိရန် ကိုယ်တော်၏ စိတ်အားထက်သန်မှုတို့ကို ဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (9/ 92) (7280).

ထပ်၍ (14)

فيض القدير شرح الجامع الصغير.

للمناوي.

المكتبة التجارية الكبرى – مصر.

الطبعة: الأولى.

بهجة الناظرين شرح رياض الصالحين لسليم الهلالي.

ط1.

دار ابن الجوزي.

الدمام.

1415هـ.

التيسير بشرح الجامع الصغير.

للمناوي.

مكتبة الإمام الشافعي.

الرياض.

ط3.