Skip to content

ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

«قال الله تبارك وتعالى: أنا أغنى الشركاء عن الشرك، من عمل عملًا أشرك فيه معي غيري، تركتُهُ وشركَهُ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံမှ လိုလားတောင့်တမှု ကင်းတော်မူသောအရှင်ဖြစ်သည်။ လူတစ်ဦးသည် အမလ်ကောင်းမှုတစ်ခုကို ဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကိုပါ ယှဉ်တွဲကိုးကွယ်ခဲ့လျှင် အရှင်မြတ်သည် ထိုသူကို စွန့်ပစ်တော်မူပြီး သူပြုလုပ်သည့် ကောင်းမှုကို လက်ခံတော်မူမည် မဟုတ်ပေ။ ထိုကောင်းမှုကို ၎င်းသူထံသို့သာ စွန့်ပစ်တော်မူမည်။ ထို့ကြောင့် အမလ်ကောင်းမှုများကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ သီးသန့်ပြုလုပ်ရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ချွတ်ယွင်းမှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် သီးသန့်ရည်ရွယ်၍ပြုလုပ်သည့် အမလ်ကောင်းမှုကိုသာ လက်ခံတော်မူသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

.....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ရှိရ်က်နှင့် ၎င်း၏ပုံစံအသီးသီးတို့မှ သတိပေးတားမြစ်ထားသည်။ ရှိရ်က်သည် အမလ်ကောင်းမှုများ လက်ခံသဘောတူခြင်းခံရမှုကို အတားဆီးဖြစ်စေသည်။

အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မှုနှင့် အရှင်မြတ်သည် လိုလားတောင့်တမှုအပေါင်းမှ ကင်းစင်တော်မူကြောင်းကို သိရှိရပြီး ထိုအချက်က အမလ်ကောင်းမှုများကို အိခ်လာဆ်ွဖြင့်ပြုလုပ်ရန် အကူအညီဖြစ်စေသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2289) (2985).

ထပ်၍ (5)

شرح النووي على مسلم (18/ 115).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص287).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص325).