အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ
အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။အကယ်၍ ကျွန်တော်ပြောလိုက်သည့်အရာသည် ကျွန်တော့်ညီနောင်၌ အမှန်တကယ်ရှိနေပါက မည်သို့ပါနည်းဟု ကိုယ်တော့်အား မေးမြန်းသည့်အခါ ကိုယ်တော်က အကယ်၍ သင်ပြောလိုက်သည့်အရာသည် ၎င်းထံတွင် အမှန်တကယ်ရှိမှသာ သင်အတင်းပြောဆိုခြင်းဖြစ်ပြီး အမှန်တကယ်မရှိပါက သင်သည် သူ့အား စွပ်စွဲလိုက်ခြင်းပင်ဖြစ်သည်။
«أَتَدْرُونَ مَا الْغِيبَةُ؟»، قَالُوا: اللهُ وَرَسُولُهُ أَعْلَمُ، قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ»، قِيلَ: أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ؟ قَالَ: «إِنْ كَانَ فِيهِ مَا تَقُولُ فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُنْ فِيهِ فَقَدْ بَهَتَّهُ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟရာမ် တားမြစ်ထားသော အတင်းပြောခြင်း၏ အဓိပ္ပါယ်ကို ရှင်းပြတော်မူခဲ့သည်။ အတင်းပြောခြင်းဟူသည် အကွယ်တွင်ရှိသော မွတ်စ်လင်မ်နှင့် ပတ်သက်၍ ၎င်းမနှစ်မြို့သည့်အရာကို ပြောဆိုခြင်းဖြစ်ပြီး ထိုအကြောင်းအရာသည် ၎င်း၏ရုပ်ဆင်းသဏ္ဍာန်နှင့်သက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။ ဥပမာ - မျက်စိတစ်ဖက်ကန်းသူ၊ လှည့်စားသူ၊ လိမ်လည်သူ စသည်ဖြင့် မကောင်းသည့် အချင်းလက္ခဏာများဖြင့် ခေါ်ဆိုခြင်းဖြစ်ပြီး ထိုအကျင့်စရိုက်များသည် သူ့ထံတွင်အမှန်တကယ်ရှိနေပါက အတင်းဖြစ်သည်။ အကယ်၍ ထိုအကျင့်စရိုက်များသည် သူ့၌အမှန်တကယ်မရှိပါက အတင်း ပြောခြင်းထက်ပို၍အပြစ်ကြီးပြီး စွပ်စွဲရာရောက်မည်။ ဤသည် လူတစ်ဦးတွင်မရှိသည့်အရာကို စွပ်စွဲပြောဆိုလိုက်ခြင်းဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကောင်းမွန်လှသော သင်ကြားမှုပုံစံ တစ်ရပ်မှာ မတ်စ်အလဟ် ပြဿနာများကို မေးခွန်းမေးသည့် နည်းလမ်းဖြင့် ပို့ချခြင်းဖြစ်သည်။
“အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်။” ဟု ဖြေကြားခဲ့ခြင်းသည် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ်ထားရှိသည့် ဆွဟာဗဟ်ကြီးများ၏ ရိုသေမှုပင်ဖြစ်သည်။
အမေးခံရသူသည် မိမိမသိသောအရာကို ‘အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်ပါသည်’ဟု ပြောရမည်။
အစ္စလာမ့် ရှရီအဟ်တရားလမ်းစဉ်သည် လူတို့ကြား၌ တာဝန်ဝတ္တရားများ၊ ညီနောင်စိတ်ဓာတ်များကို ထိန်းသိမ်းကာ လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်ထားသည်။
အတင်းပြောခြင်း ဟရာမ်ဖြစ်သည်။ သို့သော် အချို့အခြေအနေများတွင် ကောင်းကျိုးအတွက် ပြောခွင့်ရှိသည်။ ၎င်းတို့မှာ (၁) မတရားမှုကို ဖယ်ရှားရန်။ မတရားပြုခံရသူက မိမိ၏ ရပိုင်ခွင့်ကို ပြန်လည်ယူပေးနိုင်သူအား ကျွန်ုပ်ကို မည်သူမည်ဝါက မတရားလုပ်ခဲ့သည်။ မည်သို့လုပ်ခဲ့သည် စသည်ဖြင့်ပြောပြခြင်း။ (၂) အိမ်ထောင်ရေးကိစ္စ သို့မဟုတ် အစုစပ်ရှယ်ယာကိစ္စ သို့မဟုတ် အိမ်နီးချင်းကိစ္စ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခြင်းမျိုးဖြစ်သည်။
المزيد (7)
صحيح مسلم (4/ 2001) (2589).
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (6/ 378).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 237).
توضيح الأحكام من بلوغ المرام.
للبسام (7/ 428).
Cited in books
5 Booksالمزيد (5)
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«أَتَدْرُونَ مَا الغِيبَةُ؟»، قَالُوا: اللَّٰهُ وَرَسُولُهُ أَعْلَمُ، قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ»، قِيلَ: أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ؟ قَالَ: «إِنْ كَانَ فِيهِ مَا تَقُولُ، فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُ
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«أَتَدْرُونَ مَا الْغِيبَةُ؟». قَالُوا: اللَّهُ وَرَسُولُهُ أَعْلَمُ. قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ». قِيلَ: أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ؟ قَالَ: «إِنْ كَانَ فِيهِ مَا تَقُولُ فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُن
- مجموعة زاد الحديث(3)1«أَتَدْرُونَ مَا الْغِيبَةُ؟» قَالُوا: الله وَرَسُولُهُ أَعْلَمُ، قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ» قِيلَ: أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ؟ قَالَ: «إِنْ كَانَ فِيهِ مَا تَقُولُ، فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُنْ فِ
- محرمات استهان بها كثير من الناسأتدرون ما الغيبة ؟ قالوا الله ورسوله أعلم. قال: ذكرك أخاك بما يكره، قيل: أفرأيت إن كان في أخي ما أقول؟ قال: إن كان فيه ما تقول فقد اغتَبتَه، وإن لم يكن فيه فقد بهَتَّهُ
- مشروع المنهج التعليميمادة الحديث مستوى 2«أَتَدْرُونَ مَا الْغِيبَةُ؟» قَالُوا: اللهُ وَرَسُولُهُ أَعْلَمُ. قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ» قِيلَ: أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ قَالَ: «إِن كَانَ فِيهِ مَا تَقُولُ، فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُنْ فِي