Skip to content

ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

ဂျုဗိုင်းရ် ဗင်န် မုသ်ွအင်မ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူခဲ့သည်ကို ကြားသိခဲ့သည်။

ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

«لَا يَدْخُلُ الْجَنَّةَ قَاطِعُ رَحِمٍ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် မိမိဆွေမျိုးသားချင်းများအား ၎င်းတို့ရပိုင်ခွင့်ရှိသည့်အခွင့်အရေးများကို ဖြတ်တောက်မည်၊ ဒုက္ခပေးမည်၊ စကားဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မကောင်းမှု ပြုမည်ဆိုပါက ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည် မဟုတ်ပေ။

စကားလုံးများ၏ အဓိပ္ပါယ်များ

.....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဆွေမျိုးသားချင်းအဆက်ဖြတ်ခြင်းသည် ကြီးလေးသည့် အပြစ်အကုသိုလ်များအနက်မှတစ်ခုဖြစ်သည်။

ဆွေမျိုးသားချင်း အဆက်ထားခြင်းသည် ဓလေ့ပေါ်တွင်မူတည်သည်။ ထို့ကြောင့် နေရာဒသ၊ အချိန်ကာလနှင့် လူတို့အပါ်မူတည်၍ ကွဲပြားမည်ဖြစ်သည်။

ဆွေမျိုးအဆက်ထားခြင်းဟူသည် သားချင်းတို့အား တွေဆုံခြင်း၊ ပေးကမ်းခြင်း၊ ၎င်းတို့အား ကောင်းကျိုးပြုခြင်း၊ လူမမာ သတင်းမေးခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှတားမြစ်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ခြင်းဖြစ်သည်။

ဆွေမျိုးတော်ဆပ်မှု ပို၍နီးသူအား အဆက်ဖြတ်ခြင်းသည် ပို၍အပြစ်ကြီးသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1981) (2556).

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 5) (5984).

ထပ်၍ (5)

شرح النووي على مسلم (16/ 113).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 90).

فتح ذي الجلال والإكرام بشرح بلوغ المرام.

لابن عثيمين (6/ 277).