Skip to content

ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ် ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ငါကိုယ်တော်၏ ဤဗလီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည်(မက္ကဟ်)မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်မှအပ အခြားဗလီဝတ် ကျောင်းတော်များ၌ ဆွလာသ်အကြိမ်ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် သာပိုမွန်မြတ်သည်။

«صَلَاةٌ فِي مَسْجِدِي هَذَا خَيْرٌ مِنْ أَلْفِ صَلَاةٍ فِيمَا سِوَاهُ إِلَّا الْمَسْجِدَ الْحَرَامَ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဗလီဝတ်ကျောင်းတော်တွင် ဆွလာသ်ဆောက်တည်ခြင်း၏မွန်မြတ်မှုကို ရှင်းပြတော်မူခဲ့သည်။ မတ်စ်ဂျိဒ်နဗဝီဝတ်ကျောင်းတော်၌ ဆွလာသ်တစ်ကြိမ်ဆောက်တည်ခြင်းသည် မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရမ်မှအပ ကမ္ဘာ့မြေပထဝီ၌ရှိရှိသမျှဗလီများတွင် ဆွလာသ်အကြိမ်‌ပေါင်းတစ်ထောင်ဆောက်တည်ခြင်းထက် အကျိုးကုသိုလ်ပို၍ရရှိမည်ဖြစ်သည်။ မက္ကဟ်မြို့တော်ရှိ မတ်စ်ဂျိဒ်ဟရမ်၌ ဆွလာသ်ဆောက်တည်ခြင်းသည် မတ်စ်ဂျိဒ်နဗဝီဝတ်ကျောင်းတော်၌ ဆွလာသ်ဆောက်တည်ခြင်းထက် ပို၍မွန်မြတ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဗလီ၌ ဆွလာသ်ဆောက်တည်ခြင်းသည် အကျိုးကုသိုလ် ပိုရရှိကြောင်း ဖော်ပြထားသည်။

မတ်စ်ဂျိဒ်ဟရာမ်ဝတ်ကျောင်းတော်၌ ဆွလာသ်ဆောက်တည်ခြင်းသည် အခြားဗလီများတွင် ဆွလာသ်ဆောက်တည်ခြင်းထက် အကြိမ်ပေါင်းတစ်သိန်း သာပိုမွန်မြတ်ကြောင်းဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (2/ 60) (1190).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 1012) (1394).

ထပ်၍ (2)

فتح الباري (3/67).

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (24/ 684).