Skip to content

ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။

ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေစဉ် ကိုယ်တော်မြတ်က လပြည့်ည၏ လပြည့်ဝန်းကို ကြည့်ရှုပြီး မိန့်ကြားတော်မူသည်မှာ- ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။ ထို့ကြောင့် အသင်တို့သည် နေမထွက်မီ (ဖဂျ်ရ်) ဆွလာသ် နှင့် နေမဝင်မီ(အဆွ်ရ်) ဆွလာသ်ကို (လက်လွတ်သည်အထိ မည်သည့်အရာ၏) လွှမ်းမိုးမှုမျှမခံရလေအောင် တတ်စွမ်းနိုင်သမျှ ပြုလုပ်ကြပါ။ ထို့နောက် ကိုယ်တော်က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူသည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။)

كُنَّا عِنْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَنَظَرَ إِلَى الْقَمَرِ لَيْلَةً -يَعْنِي الْبَدْرَ- فَقَالَ: «إِنَّكُمْ سَتَرَوْنَ رَبَّكُمْ كَمَا تَرَوْنَ هَذَا الْقَمَرَ، لَا تُضَامُونَ فِي رُؤْيَتِهِ، فَإِنِ اسْتَطَعْتُمْ أَنْ لَا تُغْلَبُوا عَلَى صَلَاةٍ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا فَافْعَلُوا» ثُمَّ قَرَأَ: «{وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ}»

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တစ်ညတွင် ဆွဟာဗဟ်သာဝကများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူရှိနေစဉ်ကိုယ်တော်သည် ဆယ့်လေးရက်ည လပြည့်ဝန်းကို ကြည့်ရှုတော်မူပြီး မိန့်ကြားသည်မှာ- အမှန်တကယ်ပင် မုအ်မင်န်သက်ဝင်ယုံကြည်သူများသည် မိမိတို့၏အရှင်မြတ်အား မိမိတို့၏မျက်လုံးများဖြင့် သံသယမရှိ မုချဖူးမြင်ကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် တိုးဝှေ့ကြခြင်းလည်းမရှိ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အခက်အခဲဖြစ်ခြင်းလည်း ရှိကြမည်မဟုတ်ပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖဂျ်ရ် ဆွလာသ်နှင့် အဆွ်ရ် ဆွလာသ်ကို အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာမှန်သမျှကို တတ်နိုင်သမျှ ဖြတ်တောက်ပစ်ရန် မိန့်ကြားတော်မူခဲ့သည်။ ထိုဆွလာသ်နှစ်ကြိမ်အား သူ့အချိန်နှင့်သူ ဂျမာအသ်နှင့်တကွ ဆောက်တည်ရန် လာရောက်ရမည်ဖြစ်ပြီး ထိုသို့ဆောက်တည်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်ရမည့် အကြာင်းခံများတွင်ပါဝင်သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။) ကုရ်အာန် (၅၀:၃၉)

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အီမာန်ရှင်များသည် ဂျန္နသ်သုခဘုံတွင် အလ္လာဟ်အရှင်မြတ်ကို ဖူးမြင်ရမည်ဖြစ်ကြောင်း သတင်းကောင်းပါးထားသည်။

လေးနက်စွာတင်ပြခြင်းနှင့် အားပေးတိုက်တွန်းခြင်း၊ ဥပမာပေးခြင်းတို့သည် ဒအ်ဝဟ် ဖိတ်ခေါ်မှု နည်းလမ်းများတွင်ပါဝင်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 115) (554).

(6/ 139) (4851).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 439) (633).

ထပ်၍ (12)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 259).

تذكرة المؤتسي شرح عقيدة الحافظ عبد الغني المقدسي.

لعبدالرزاق البدر (ص177).

شرح رياض الصالحين.

لابن عثيمين (6/ 734).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 776).

كنوز رياض الصالحين.

لمجموعة من الباحثين (13/ 271).

تطريز رياض الصالحين.

لفيصل آل مبارك (ص1091).