Skip to content

အို-ကလေးငယ်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသ၍ ညာလက်ဖြင့်စားပါ၊ ၎င်းပြင် သင့်အနီးအနားက စားပါဟုမိန့်ကြားခဲ့သည်။

အုမရ်ဗင်န် အဗီစလမဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အုပ်ထိန်းမှုအောက်၌ ရှိခဲ့သည့် ကလေးငယ်တစ်ဦးဖြစ်သည်။(စားသည့်အခါ)ကျွန်တော့်၏ လက်သည် ပန်းကန်ပြားထဲ ဟိုနားဒီနား နှိုက်နေခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော့်အား အို-ကလေးငယ်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသ၍ ညာလက်ဖြင့်စားပါ၊ ၎င်းပြင် သင့်အနီးအနားက စားပါဟုမိန့်ကြားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။

كُنْتُ غُلَامًا فِي حَجْرِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَكَانَتْ يَدِي تَطِيشُ فِي الصَّحْفَةِ، فَقَالَ لِي رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَا غُلَامُ، سَمِّ اللهَ، وَكُلْ بِيَمِينِكَ، وَكُلْ مِمَّا يَلِيكَ» فَمَا زَالَتْ تِلْكَ طِعْمَتِي بَعْدُ.

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော် အုမ္မုစလမဟ်(ရဿွိယလ္လာဟုအန်ဟာ)ဘက်မှပါလာသော သားတော်ဖြစ်သူ အုမရ်ဗင်န် အဗူစလမဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြခဲ့သည်။ သူသည် ကိုယ်တော်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ သူသည် ထမင်းစားနေစဉ် အစားအစာယူရန်အတွက် ဘေးနားရှိ အခြားပန်းကန်များကိုလည်း လက်ဖြင့် လှမ်းနှိုက်လေ့ရှိသည်။ ထိုကြောင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အစားအသောက် စားခြင်းဆိုင်ရာ စည်းကမ်းချက်များအနက် သုံးချက်ကို သင်ကြားပေးတော်မူခဲ့သည်။ (၁) စားသည့်အခါ အစတွင် ‘ဗိစ်မိလ္လာဟ်’ ဆိုခြင်း၊ (၂) ညာလက်ဖြင့်စားခြင်း၊ (၃) မိမိအနီးတွင်ရှိသော အစားအသောက်ကိုစားခြင်း တို့ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

စားသောက်သည့်အခါ အစတွင် ‘ဗိစ်မိလ္လာဟ်’ ဆိုခြင်းသည် စားသောက်ခြင်း၏ အာဒဗ် စည်းကမ်းများတွင် ပါဝင်သည်။

ကလေးများကို အာဒဗ် စည်းကမ်းများ သင်ကြားပေးရမည်။ အထူးသဖြင့် မိမိအုပ်ထိန်းမှုအောက်တွင်ရှိသူကို သင်ကြားပေးရမည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နူးညံ့သိမ်မွေ့မှုနှင့် ကလေးငယ်များကို သွန်သင်ဆုံးမခြင်း၊ သင်ကြားပေးခြင်းတွင် စိတ်ရှည်မှုရှိခြင်းတို့ကို ဖော်ပြထားသည်။

စားသောက်ခြင်းဆိုင်ရာ ကျင့်ဝတ်တစ်ခုမှာ မိမိအနီးအနားမှသာ စားခြင်းဖြစ်သည်။ သို့သော် အစားအသောက် အမျိုးစုံရှိနေပါက ၎င်းတို့ကို လှမ်းယူခွင့်ရှိသည်။

ဆွဟာဗဟ် သာဝကကြီးများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သွန်သင်ဆုံးမမှုကို စွဲမြဲစွာလိုက်နာ ကျင့်သုံးကြသည်။ ဤအကြောင်းကို အုမရ်ဗင်န် အဗီစလမဟ် ပြောကြားသည့် “ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။”ဟူသည့် စကားမှ သိရှိနိုင်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (7/ 68) (5376).

(3/ 61) (2092).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1599) (2022).

ထပ်၍ (9)

شرح النووي على مسلم (13/ 193).

توضيح الأحكام مِن بلوغ المرام.

للبسام (5/ 440).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (4/ 616).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (7/ 439).

شرح رياض الصالحين.

لابن عثيمين (3/ 169).