Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

4 of 253 cards

Clear filters
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အုပ်ထိန်းမှုအောက်၌ ရှိခဲ့သည့် ကလေးငယ်တစ်ဦးဖြစ်သည်။(စားသည့်အခါ)ကျွန်တော့်၏ လက်သည် ပန်းကန်ပြားထဲ ဟိုနားဒီနား နှိုက်နေခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော့်အား အို-ကလေးငယ်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသ၍ ညာလက်ဖြင့်စားပါ၊ ၎င်းပြင် သင့်အနီးအနားက စားပါဟုမိန့်ကြားခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ကျွန်တော်၏စားသောက်ပုံသည် ထိုအတိုင်းသာအမြဲဖြစ်ခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ပုဂ္ဂိုလ်တစ်ဦးသည် တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်‌တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။ မာနတရားကသာ သူ့အား (ညာလက်ဖြင့်စားရန်) တားဆီးခဲ့ခြင်းဖြစ်သည်။ ဆင့်ပြန်သူက ပြောသည်မှာ ထိုပုဂ္ဂိုလ်သည် မိမိ၏ပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း