ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
«إِنَّ بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكَ الصَّلَاةِ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဖရ်ဿ်ွဆွလာသ် စွန့်လွှတ်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ၎င်းနောက် လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်တို့၏အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားထားကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ ဆွလာသ်သည် အစ္စလာမ့်မဏ္ဍိုင်များအနက် ဒုတိယမဏ္ဍိုင်ဖြစ်သည်။ အစ္စလာမ်သာသနာ၌ ဆွလာသ်၏ အဆင့်အတန်းသည် အလွန်ပင်ကြီးကျယ်လှသည်။ အကြင်သူသည် ဆွလာသ်၏တာဝန်ကို ငြင်းဆန်၍ ဆွလာသ်ဝတ်ပြုမှုကို စွန့်လွှတ်ပါက သာသနာပညာ့ရှင်များအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်အရ ထိုသူသည် ကာဖိရ်ပင်ဖြစ်သည်။ ထို့အတူ အကြင်သူသည် ပျင်းရိပေါ့ဆကာ ဆွလာသ်ကို လုံးဝစွန့်လွှတ်ထားပါက ထိုသူသည်လည်း ကာဖိရ်ပင်ဖြစ်သည်။ ဆွဟာဗဟ်အားလုံး၏ ရပ်တည်ချက်သည် ဤအတိုင်းပင်ဖြစ်ကြောင်း ဆင့်ပြန်ချက်လာရှိထားသည်။ အကယ်၍ အကြင်သူသည် ဆွလာသ်ကို တစ်ခါတစ်ရံ စွန့်လွှတ်ပြီး တစ်ခါတစ်ရံ ဝတ်ပြုပါက ထိုသူသည် ဤပြင်းထံသည့် ခြိမ်းခြောက်မှုနှင့် သတိပေးခြင်းခံထားရသည်။
...:
ဆွလာသ်အား အလေးအနက်ထားရန်နှင့် စွဲစွဲမြဲမြဲဆောက်တည်ရန် လိုအပ်ကြောင်းတင်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ဆွလာသ်သည် ‘ကုဖ်ရ်’ သွေဖည်ငြင်းပယ်မှုနှင့် အီမာန်သက်ဝင်ယုံကြည်မှုကြားတွင် ခွဲခြားပေးသောအရာပင်ဖြစ်သည်။
ဆွလာသ်ကို စွန့်လွှတ်ခြင်း၊ ဝတ်မပြုခြင်းတို့ကို ပြင်းထန်စွာ သတိပေးခြိမ်းခြောက်ထားသည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 88) (82).
ထပ်၍ (2)
المفهم لما أشكل من تلخيص كتاب مسلم (1/ 271).
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (2/ 622).
Cited in books
11 Booksထပ်၍ (10)
- الأربعون في تعظيم قدر الصلاةالأربعون في تعظيم قدر الصلاة «إِنَّ بَيْنَ الرَّجُــلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكَ الصَّلَاةِ».
- الخطب المنبريةموسوعة الخطب المنبرية (القسم الثالث)«إنَّ بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكَ الصَّلَاةِ»
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكُ الصَّلَاةِ»[9]،
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكُ الصَّلَاةِ»[9]،
- الصيام ومجموعة أسئلة في أحكامه«بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالكُفْرِ تَرْكُ الصَّلَاةِ»[19]،
- الصيام ومجموعة أسئلة في أحكامه«بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالكُفْرِ: تَرْكُ الصَّلَاةِ»[23]،
- المناهج التعليمية - الصف السادسالمناهج الدراسية - الحديث - الصف السادس - الفصل الأول «إِنَّ بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكَ الصَّلَاةِ»
- خطب تعظيم قدر الصلاة"إِنَّ بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكَ الصَّلَاةِ"
- رياض الصالحينرياض الصالحين مع فوائد وهدايات - 5«إنَّ بين الرَّجُلِ وَبَيْنَ الشِّرْكِ والكُفرِ تَرْكَ الصَّلاةِ».
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)مجموعة زاد الفقه (1)«إِنَّ بَيْنَ الرَّجُلِ وَبَيْنَ الشِّرْكِ وَالْكُفْرِ تَرْكُ الصَّلَاةِ»