Skip to content

အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။

အစ်ဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။

«مَن تَشَبَّهَ بِقَوْمٍ فَهُوَ مِنْهُمْ».

အဗူဒါဝူဒ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ကာဖိရ်များ၊ အပြစ်ကျူးလွန်သူများနှင့်ဖြစ်စေ၊ သူမွန်သူမြတ်များနှင့်ဖြစ်စေ တူဆင်အောင်ပြုလုပ်ပါက ၎င်းသည် ထိုသူတို့အနက်မှပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ၎င်းတို့နှင့်သာ သီးသန့်သက်ဆိုင်သည့် ယုံကြည်ချက်များ၊ ခဝပ်ကိုးကွယ်မှုများ၊ ဓလေ့ထုံးတမ်းများကိုအတုခိုး ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်‌ဆိုသော် အပြင်ပန်း၌ ၎င်းတို့အားအတုခိုးခြင်းသည် အတွင်းပိုင်းဆိုင်ရာ၌ ၎င်းတို့အား အတုခိုးခြင်းဆီသို့ ဦးတည်စေသည်။ အုပ်စုတစ်စုအား အတုခိုးခြင်းသည် နှစ်သက်သဘောကျခြင်းကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိုအချက်ကပင် ၎င်းတို့အား ချစ်ခင်ခြင်း၊ ဂုဏ်ပေးခြင်းနှင့် ၎င်းတို့အပေါ် အားထားခြင်းဆီသို့ ရောက်ရှိစေသည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ တစ်ခါတစ်ရံတွင် ဤအချက်သည် လူတစ်ယောက်အား ၎င်းအတုခိုးလိုက်သူများ၏ စိတ်နှလုံးသားဆိုင်ရာ ယုံကြည်ချက်များ၊ ခဝပ်ကိုးကွယ်မှုများကိုပါ အတုခိုးခြင်းဆီသို့ တွန်းပို့ပေးသည်။ ( အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံပါ၏။)

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကာဖိရ်များ၊ အပြစ်ကျူးလွန်သူများအား အတုခိုးခြင်းကို သတိပေးတားမြစ်ထားသည်။

သူတော်ကောင်းတို့ကို အတုခိုးရန်နှင့် ၎င်းတို့အတိုင်းလျှောက်လှမ်းရန် တိုက်တွန်းထားသည်။

အပြင်ပိုင်းဆိုင်ရာ ကိစ္စများကို အတုခိုးခြင်းဖြင့် စိတ်တွင်း၌ ချစ်ခင်မှုကို ပေါ်ပေါက်စေသည်။

လူတစ်ဦးအနေဖြင့် မိမိအတုခိုးသည့် အတိုင်းအတာနှင့် အမျိုးအစားပေါ်မူတည်၍ အပြစ်ထိုက်မည်ဖြစ်သည်။

ဤတားမြစ်ချက်သည် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၏ ဘာသာရေးနှင့် ၎င်းတို့နှင့်သာ သီးသန့်သက်ဆိုင်သည့် ဓလေ့ထုံးတမ်းများအား တုပဆောင်ရွက်ခြင်းနှင့်သာ သက်ဆိုင်သည်။ ထိုကိစ္စများနှင့် မသက်ဆိုင်သည့် စက်မှုလက်မှုအတတ်ပညာများကို သင်ယူခြင်းနှင့် အခြားအလားတူကိစ္စများသည် တားမြစ်ချက်ထဲတွင် မပါဝင်ပါ။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (6/ 144) (4031).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (9/ 126) (5115).

ထပ်၍ (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 363).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 157).

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (6/ 335).

مشكاة المصابيح.

للتبريزي (2/ 1246).