Skip to content

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။

အဗူဟိုင်ယာဂျ် အလ်အစဒီက ဆင့်ပြန်ခဲ့သည်။

ကျွန်တော့်အား အလီ ဗင်န် အဗီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။

قَالَ لِي ‌عَلِيُّ بْنُ أَبِي طَالِبٍ: أَلَا أَبْعَثُكَ عَلَى مَا بَعَثَنِي عَلَيْهِ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ؟ أَنْ لَا تَدَعَ تِمْثَالًا إِلَّا طَمَسْتَهُ، وَلَا قَبْرًا مُشْرِفًا إِلَّا سَوَّيْتَهُ.

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကများကို မည်သည့် ‘သင်မ်စာလ်’ သက်ရှိရုပ်တု၊ သက်မဲ့ရုပ်တုကိုမျှ မချန်ထားပဲ ဖယ်ရှားပစ်ရန် ၊ မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား မြေပြင်နှင့် တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်၊ ကဗရ်ပေါ်တွင်ရှိသော အဆောက်အအုံကို ဖြိုချပစ်ရန်၊ သို့မဟုတ် ကဗရ်၏အမြင့်ကို မြေပေါ်တွင် အလွန်မမြင့်မားစေပဲ တစ်ထွာခန့်သာထားရှိရန်အတွက် စေလွှတ်တော်မူခဲ့သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

သက်ရှိများကို ရုပ်ပုံ၊ ဓာတ်ပုံရိုက်ကူးခြင်း ဟရာမ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်ရန် အကြောင်းခံတစ်ခုပင်ဖြစ်သည်။

အခွင့်အာဏာရှိသူ သို့မဟုတ် တားမြစ်နိုင်စွမ်းရှိသူသည် မကောင်းမှုအား လက်ဖြင့်တားမြစ်ခွင့်ရှိသည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုပ်ပုံများ၊ ရုပ်တုဆင်းတုများ၊ ကဗရ်သင်္ချိုင်းများရှိ အဆောက်အဦးများ အပါအဝင် အမိုက်ခေတ်ကို ညွှန်ပြနေသည့် လက္ခဏာများအားလုံးကို ဖယ်ရှားပစ်ရန် စိတ်အားထက်သန်ခဲ့သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 666) (969).

ထပ်၍ (8)

القول المفيد على كتاب التوحيد.

لابن عثيمين (2/ 446).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص402).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص447).

كتاب التوحيد.

للإمام محمد بن عبد الوهاب (ص138).