Skip to content

ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။

အိဗ်နုမတ်စ်အူဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။

«الْجَنَّةُ أَقْرَبُ إِلَى أَحَدِكُمْ مِنْ شِرَاكِ نَعْلِهِ، وَالنَّارُ مِثْلُ ذَلِكَ».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံသည် လူသားနှင့် သူ၏ခြေထောက်ပေါ်တွင်ရှိသော ဖိနပ်သဲကြိုးထက်ပင်ပို၍ နီးကပ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားသည် တစ်ခါတစ်ရံတွင် အလ္လာဟ်အရှင်မြတ်နှစ်သက်သည့်ကောင်းမှုကို ဆောင်ရွက်လိုက်ပြီး ထိုကောင်းမှုကြောင့် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရသွားသည်။ တစ်ခါတစ်ရံတွင် မကောင်းမှုကို ကျူးလွန်လိုက်ပြီး ထိုမကောင်းမှုသည် ဂျဟန္နမ်ငရဲသို့ ကျရောက်ရန် အကြောင်းခံဖြစ်သွားတတ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကောင်းမှုသည် နည်းပါးသည်ဖြစ်စေ ပြုလုပ်ရန်တိုက်တွန်းနှိုးဆော်ထားပြီး မကောင်းမှုသည် နည်းပါးသည်ဖြစ်စေ ရှောင်ကြည်ရန် သတိပေးထားသည်။

မွတ်စလင်မ်တစ်ဦး ဘဝသက်တမ်းတွင် မျှော်လင့်ချက်နှင့် စိုးရိမ်မှုနှစ်ခုစလုံးရှိနေရန် လိုအပ်သည်။ ထို့အတူ အမှန်တရားပေါ်တွင် တည်ကြည်ဖြောင့်မတ်စွာ ရပ်တည်နိုင်ရန်နှင့် ထိုအခြေအနေပေါ်မှ မယိမ်းယိုင်သွားစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမြဲဒုအာတောင်းခံနေရမည်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 102) (6488).

ထပ်၍ (8)

شرح رياض الصالحين.

لابن عثيمين (2/ 99).

فتح الباري.

لابن حجر(11/ 321).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 186).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (1/ 136).