ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
«إنَّ المُؤْمِنَ ليُدرِكُ بِحُسْنِ خُلُقِهِ دَرَجَةَ الصَّائِمِ القَائِمِ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် ကိုယ်ကျင့်တရားပိုင်ရှင်အား (နေ့တွင်) အမြဲတစေ ဆွိယာမ်ဥပုသ်စောင့်ထိန်းပြီး ညတွင် အမြဲဆွလာသ် ဆောက်တည်သည့် အဆင့်အတန်းသို့ ပို့ဆောင်ပေးသည်။ ကောင်းမြတ်သည့်ကိုယ်ကျင့်တရား၏ စရိုက်လက္ခဏာမှာ ကောင်းကျိုးပြုခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်း၊ လူတို့ပေးသည့် ဒုက္ခအခက်အခဲများကို သည်းခံခြင်း စသည်တို့ဖြစ်သည်။
....:
အစ္စလာမ်သာသနာသည် ကိုယ်ကျင့်တရား ကောင်းမွန်ပြည့်စုံခြင်းကို အလွန်အလေးထားသည်။
ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၏ မွန်မြတ်မှုကို တင်ပြထားသည်။ ကျွန်တစ်ဦးသည် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် အမြဲတစေ ဆွိယာမ်ဥပုသ် စောင့်ထိန်းသူ၊ ပင်ပန်းခြင်းမရှိဘဲ အမြဲဆွလာသ်ဆောက်တည်သူ၏ အဆင့်အတန်းသို့ ရောက်ရှိသွားလေသည်။
နေ့တွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ညတွင် ဆွလာသ် ဆောက်တည်ခြင်းသည် စိတ်နှလုံးသားများအတွက် ခက်ခဲကာ အလွန်ကြီးကျယ်သည့် အမလ်အိဗာဒသ် နှစ်ခုဖြစ်သည်။ ကိုယ်ကျင့်တရား ကောင်းမွန်သူသည် ကောင်းမွန်သည့် ဆက်ဆံရေးဖြင့် မိမိစိတ်နှလုံးသားအပေါ် မုဂျဟဒဟ် အားထုတ်ကြိုးပမ်းသည့်အတွက် ထိုအိဗာဒသ်နှစ်ခုကို ဆောင်ရွက်သူ၏ အဆင့်အတန်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
စုနန်အဗူဒါဝူဒ်ကျမ်း (7/ 176) (4798).
မွတ်စ်နဒ် အဟ်မဒ်ကျမ်း (40/ 414) (24355).
ထပ်၍ (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 675).
تطرز رياض الصالحين.
لفيصل آل مبارك (ص411).
مشكاة المصابيح.
لمحمد العمري (3/ 1409).
Cited in books
6 Booksထပ်၍ (6)
- الحقيقة المُبْهِرَة في العلاقة بين الإسلام والإنسان(إن المؤمن ليدرك بحُسْن خُلُقه درجة الصائم القائم)[132].
- رياض الصالحينرياض الصالحين مع فوائد وهدايات - 3«إنَّ المُؤْمِنَ لَيُدْرِكُ بِحُسْنِ خُلُقِهِ دَرَجَةَ الصَّائِمِ القَائِمِ».
- مشروع منهاج زادكزادك 2 طالب نهائي«إِنَّ الْمُؤْمِنَ لَيُدْرِكُ بِحُسْنِ خُلُقِهِ دَرَجَةَ الصَّائِمِ الْقَائِمِ»
- نبراس طالب (2)نبراس طالب (2) «إِنَّ الْمُؤْمِنَ لَيُدْرِكُ بِحُسْنِ خُلُقِهِ دَرَجَةَ الصَّائِمِ الْقَائِمِ»
- وثيقة منهج نبراس لمدارس نهاية الأسبوع1"إن المؤمن ليدرك بحسن خلقه درجة الصائم القائم"
- وثيقة منهج نبراس لمدارس نهاية الأسبوع1"إن المؤمن ليدرك بحسن خلقه درجة الصائم القائم"