Skip to content

သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။

«لَيْسَ الشَّدِيدُ بِالصُّرَعَةِ، إِنَّمَا الشَّدِيدُ الَّذِي يَمْلِكُ نَفْسَهُ عِنْدَ الْغَضَبِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။စစ်မှန်သည့် အင်အားဟူသည် ခန္ဓာကိုယ် ခွန်အားဗလကြီးခြင်း၊ ခွန်အားဗလကြီးသူကို လှဲချနိုင်ခြင်းမဟုတ်၊ စစ်မှန်သည့် အင်အားဟူသည် အမျက်ဒေါသ အလွန်ထွက်နေသည့်အခါတွင် မိမိ၏စိတ်ကို ထိန်းချုပ် အနိုင်ယူနိုင်သူသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းရှိခြင်းနှင့် ရှိုင်သွာန်အပေါ် လွှမ်းမိုးနိုင်ကြောင်းကို ညွှန်ပြနေသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

သည်းခံမျိုသိပ်ခြင်းနှင့် ဒေါသဖြစ်သည့်အခါ စိတ်ကိုချုပ်ထိန်းခြင်း၏ မွန်မြတ်မှုကိုဖာ်ပြထားသည်။ ဤအချက်သည် အစ္စလာမ်သာသနာက တိုက်တွန်းထားသော ကောင်းမြတ်သည့် အကျင့်သီလထဲတွင် ပါဝင်သည်။

အမျက်ဒေါသထွက်သည့်အခါ၌ စိတ်ကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းသည် ရန်သူအပေါ် အနိုင်ရရန် ကြိုးပမ်းခြင်းထက် ပို၍ခက်ခဲသည်။

အစ္စလာမ်သည် (ဂျာဟိလိယသ်) အစ္စလာမ်မတိုင်မီ အမိုက်ခေတ်၏ အားအင်ကြီးခြင်း အယူအဆကို မွန်မြတ်သည့် ကိုယ်ကျင့်တရားဖြင့် ပြောင်းလဲပစ်ခဲ့သည်။ လူတို့အနက် အားအင်အကြီးဆုံးသူမှာ မိမိ၏စိတ်ကို ချွန်းအုပ်နိုင်သူဖြစ်သည်။

အမျက်ဒေါသသည် လူတစ်ဦးချင်းစီနှင့် လူအဖွဲ့အစည်းကို ဆိုးကျိုးဖြစ်စေသောကြောင့် အမျက်ဒေါသမှ ဝေးစွာရှောင်ကြဉ်ရမည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 28) (6114).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2014) (2609).

(538).

ထပ်၍ (7)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 198).

توضيح الأحكام من بلوغ المرام.

للبسام (7/ 394).

نزهة المتقين شرح رياض الصالحين.

بهجة الناظرين شرح رياض الصالحين.

للهلالي (1/ 698).