Skip to content

မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မည်သူမဆို ‘မုအာဟဒ်’ကတိစာချုပ် ချုပ်ဆိုထားသော ဘာသာခြားတစ်ဦးအား သတ်ဖြတ်ခဲ့သော် ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ မုချဧကန် ၎င်း၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။

«مَنْ قَتَلَ مُعَاهَدًا ‌لَمْ ‌يَرَحْ ‌رَائِحَةَ الْجَنَّةِ، وَإِنَّ رِيحَهَا تُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုအာဟဒ်’ (လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ ဝင်ရောက်လာသူ ဘာသာ ခြား)အား သတ်ဖြတ်သူနှင့် ပတ်သက်၍ ပြင်းထန်သည့် သတိပေးခြိမ်း‌ ခြောက်မှု ရှိကြောင်းကို ရှင်းပြတော်မူခဲ့သည်။ ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ ဧကန်အမှန်ပင် ဂျန္နသ်၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မုအာဟဒ်၊ ဇင်မ္မီ၊ မွတ်စ်သအ်မန်တို့ကို သတ်ဖြတ်ခြင်းအား တားမြစ်ထားသည်။ ထိုသို့သတ်ဖြတ်ခြင်းသည် ပြစ်မှုဒုစရိုက်ကြီးများတွင် ပါဝင်သည်။

‘မုအာဟဒ်’ဟူသည် မိမိနိုင်ငံတွင် မိမိနေထိုင်သော ဘာသာခြားဖြစ်ပြီး မွတ်စ်လင်မ်တို့နှင့် စစ်တိုက်ခြင်းမပြုရန် အပြန်အလှန် ကတိကဝတ်ပြုထားသူဖြစ်သည်။ ‘ဇင်မ္မီ’ ဟူသည် မွတ်စ်လင်မ်နိုင်ငံတွင် အခွန်ပေးဆောင်ကာ အခြေချနေထိုင်သူဖြစ်သည်။ ‘မွတ်စ်သအ်မန်’ ဟူသည် အကာအကွယ်ပေးရေး၊ လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ အချိန်ကာလတစ်ခုထိ လာရောက်သူဖြစ်သည်။

မွတ်စ်လင်မ် မဟုတ်သူများနှင့် ထားရှိသည့် ကတိအဝတ်များ ချိုးဖောက်ခြင်းကို သတိပေးတားမြစ်ထားသည်။

ပြန်လည်စစ်ဆေးသူ
ထပ်၍ (8)

صحيح البخاري منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (8/ 232).

توضيح الأحكام شرح بلوغ المرام.

للبسام (6/ 90).

فتح ذي الجلال والإكرام بشرح بلوغ المرام.

لابن عثيمين (5/ 520).

سبل السلام.

لمحمد الصنعاني (2/ 501).