အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။
«مَنْ كَذَبَ عَلَيَّ مُتَعَمِّدًا فَلْيَتَبَوَّأْ مَقْعَدَهُ مِنَ النَّارِ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို စကားဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ ငါကိုယ်တော်နှင့်ပတ်သက်၍ သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူ့အတွက် နောင်တမလွန် အာခိရသ်တွင် ငရဲမီး၌ နေရာထိုင်ခင်းရှိမည်ဖြစ်သည်။ ဤသည် တမန်တော်မြတ်နှင့် ပတ်သက်၍ မုသားပြောခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်သည်။
...:
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မုသားပြောဆိုခြင်းသည် ဂျဟန္နမ်သို့ဝင်ရောက်ရမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်၍ လိမ်လည်ခြင်းသည် အခြားသူများအပေါ်လိမ်လည်ခြင်းနှင့်မတူပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ လိမ်လည်ခြင်းဖြင့် သာသနာနှင့် လောကီရေးရာများတွင် ကြီးမားလှသည့် ပျက်စီးမှုများဖြစ်ပေါ်လာပေသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဘက်သို့ ဆက်နွှယ်မှု မှန်ကန်ကြောင်း သေချာခိုင်မာစွာ မစစ်ဆေးမီအလျှင် ဟဒီးဆ်တော်များအား ဖြန့်ချိခြင်းကို သတိပေးတားမြစ်ထားသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (1/ 33) (110).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 10) (3).
ထပ်၍ (5)
إكمال المعلم (1/111).
شرح النووي على مسلم (1/65).
المفهم (1/32).
عمدة القاري شرح صحيح البخاري (2/ 151).
شرح مقدمة سنن ابن ماجه (5/ 8).