Skip to content

သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။

အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်တော့်အား မိန့်ကြားတော်မူခဲ့သည်။

သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။

«لَا تَحْقِرَنَّ مِنَ الْمَعْرُوفِ شَيْئًا، وَلَوْ أَنْ تَلْقَى أَخَاكَ بِوَجْهٍ طَلْقٍ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

ကောင်းမှုများ ပြုလုပ်ရန်နှင့် အနည်းငယ်မျှသော ကောင်းမှုကုသိုလ်ကိုပင် အထင်မသေးမိစေရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တိုက်တွန်းနှိုးဆော်ထားသည်။ ၎င်းတွင် လူတို့အား ပြုံးရွှင်ချိုသာသော မျက်နှာနှင့် ဆုံတွေ့ခြင်းလည်းပါဝင်သည်။ ဤလုပ်ရပ်သည် မွတ်စ်လင်မ် ညီနောင်တစ်ဦးအား ရင်းနှီးချစ်ခင်မှုကို ခံစားစေပြီး ၎င်းကိုပျော်ရွှင်စေသောကြောင့် မွတ်စ်လင်မ်တိုင်းသည် ထိုကိစ္စအား စိတ်အားထက်သန်စွာဆောင်ရွက်သင့်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မုအ်မင်န်များကြားတွင် ချစ်ခင်ခြင်း၊ ပြုံးရွှင်ချိုသာစွာ ဆုံတွေ့ခြင်းတို့၏ မွန်မြတ်မှုကို ဖော်ပြထားသည်။

ဤရှရီအဟ် တရားလမ်းစဉ်သည် ပြည့်စုံလှပြီး၊ ထိုတရားလမ်းစဉ်သည် မွတ်စ်လင်မ်များအတွက် အကျိုးရှိသော အရာများနှင့် ၎င်းတို့၏စကားများကို စုစည်းညီညွတ်စေမည့် အရာများအားလုံးကို ယူဆောင်လာသည်။

သေးငယ်သော ကုသိုလ်ကောင်းမှုကိုလည်း ပြုလုပ်ရန် တိုက်တွန်းထားသည်။

မွတ်စ်လင်မ်များကို ဝမ်းမြောက်ပျော်ရွှင်အောင်လုပ်ပေးခြင်းသည် (မွတ်စ်သဟဗ်)ကောင်းမြတ်ပေသည်။ ထိုသို့ပြုလုပ်ခြင်းသည် ၎င်းတို့ကြား၌ ချစ်ခင်ရင်းနှီးမှုကို ဖော်ဆောင်ပေးသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2026) (2626).

(1/ 572).

ထပ်၍ (7)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 119).

توضيح الأحكام من بلوغ المرام.

للبسام (7/ 341).

نزهة المتقين شرح رياض الصالحين.

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 20).