အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်
နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီး အရှင်မြတ်၏သာသနာအပေါ် မြဲမြဲနေသူနှင့် အရှင်မြတ်၏တရားတော်ကို ဆန့်ကျင်ပြီး ပြစ်မှုဒုစရိုက်ထဲ ကျရောက်သွားသူ၏ ပမာသည် သင်္ဘောတစ်စင်းတွင် (စီးနင်းရမည့်နေရာကို) မဲနှိုက်ဆုံးဖြတ်ခဲ့ကြသောလူတစ်စုနှင့် ပမာတူသည်။ အချို့သည် သင်္ဘောအပေါ်ထပ်တွင် နေရာရခဲ့ကြပြီး အချို့သည် သင်္ဘောအောက်ထပ်တွင် နေရာရခဲ့ကြသည်။ သင်္ဘောအောက်ထပ်တွင်ရှိနေသူများသည် ရေသောက်ချင်သောအခါ အပေါ်ထပ်၌ရှိနေသူများ၏ အနားမှ ဖြတ်သန်းသွားကြရသည်။ ထိုအခါ အောက်ထပ်တွင်ရှိနေသူများက အကယ်၍သာ ကျွန်ုပ်တို့သည် မိမိတို့ရသည့် ဝေစုထဲ၌ အပေါက်တစ်ပေါက်ဖောက်လိုက်လျှင် အပေါ်ထပ်တွင်ရှိနေသူတို့အား ဒုက္ခပေးရာရောက်မည်မဟုတ်ဟု ပြောဆိုကြသည်။ အကယ်၍ အပေါ်ထပ်၌ရှိနေသူများသည် အောက်ထပ်ရှိသူတို့အား သူတို့ကြံရွယ်ထားသည့်အတိုင်း လွှတ်ပေးထားပါက ၎င်းတို့အားလုံးသေကြေပျက်စီးသွားကြမည်ဖြစ်သည်။ အကယ်၍ အပေါ်ထပ်တွင်ရှိနေသူတို့သည် အောက်ထပ်တွင်ရှိနေသူများအား တားဆီးလိုက်ပါက (တားဆီးခဲ့သော) သူများလွတ်မြောက်သွားကြမည်ဖြစ်ပြီး (စီးနင်းသူများ) အားလုံးလည်း လွတ်မြောက်သွားကြမည်ဖြစ်သည်။
«مَثَلُ القَائِمِ عَلَى حُدُودِ اللَّهِ وَالوَاقِعِ فِيهَا، كَمَثَلِ قَوْمٍ اسْتَهَمُوا عَلَى سَفِينَةٍ، فَأَصَابَ بَعْضُهُمْ أَعْلاَهَا وَبَعْضُهُمْ أَسْفَلَهَا، فَكَانَ الَّذِينَ فِي أَسْفَلِهَا إِذَا اسْتَقَوْا مِنَ المَاءِ مَرُّوا عَلَى مَنْ فَوْقَهُمْ، فَقَالُوا: لَوْ أَنَّا خَرَقْنَا فِي نَصِيبِنَا خَرْقًا وَلَمْ نُؤْذِ مَنْ فَوْقَنَا، فَإِنْ يَتْرُكُوهُمْ وَمَا أَرَادُوا هَلَكُوا جَمِيعًا، وَإِنْ أَخَذُوا عَلَى أَيْدِيهِمْ نَجَوْا، وَنَجَوْا جَمِيعًا».
အလ္လာဟ်အရှင်မြတ်၏တရားတော်ကို ဆုပ်ကိုင်ပြီးအရှင်မြတ်၏သာသနာအပေါ် မြဲမြံစွာနေသူများ၊ ကောင်းရာညွှန်ကြားပြီး မကောင်းရာမှတားမြစ်သူများနှင့် အရှင်မြတ်၏တရားတော်ကို ချိုးဖောက်ပြီး ပြစ်မှုဒုစရိုက်၌ ကျရောက်သွားသူများ၊ ကောင်းရာညွှန်ကြားခြင်းကို စွန့်လွှတ်ပြီး လူ့အဖွဲ့အစည်း၏ အောင် မြင်မှုကိုပါ ထိခိုက်စေသည့် မကောင်းမှုများကို ကျူးလွန်ကြသူများသည် သင်္ဘောတစ်စင်းအား စီးနင်းခဲ့ကြသောလူတစ်စုနှင့်တူကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ထိုလူစုသည် မည်သူက သင်္ဘောအပေါ်ထပ်တွင်ထိုင်ရမည်၊ မည်သူက အောက်ထပ်တွင်ထိုင်ရမည်ကို မဲနှိုက်ဆုံးဖြတ်ခဲ့ကြရာ အချို့သည် အပေါ်ထပ်တွင်မဲပေါက်ပြီး အချို့က အောက်ထပ်တွင် မဲပေါက်သွားသည်။ အောက်ထပ်တွင်ရှိသူများသည် ရေယူလိုသောအခါ အပေါ်ထပ်ရှိသူများ၏အနားမှ ဖြတ်သွားရသည်။ ထို့ကြောင့် အောက်ထပ်တွင်ရှိနေသူများက ကျွန်ုပ်တို့သည် အပေါ်ထပ်တွင်ရှိနေသူများကို ဒုက္ခမပေးလို၍ မိမိတို့ရှိကြသည့် အောက်ထပ်၌ပင် အပေါက်ဖောက်၍ ရေယူကြလျှင် ပိုကောင်းမည်ဟု ပြောဆိုကြသည်။ အကယ်၍ အပေါ်ထပ်၌ရှိသောသူများသည် အောက်ထပ်ရှိသူတို့၏ ထိုလုပ်ရပ်ကို လျစ်လျှူရှုထားပါက ၎င်းတို့အားလုံးနှင့် သင်္ဘောပါနစ်မြုပ်သွားကြမည်ဖြစ်သည်။ အကယ်၍ အပေါ်ထပ်တွင်ရှိနေသူတို့သည် အောက်ထပ်တွင်ရှိနေသူများအား တားဆီးလိုက်ပါက နှစ်ဖွဲ့စလုံးလွတ်မြောက်သွားကြမည်ဖြစ်သည်။
...:
လူ့အဖွဲ့စည်းများအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကယ်တင်ရန်အတွက် ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းမှုမှတားမြစ်ခြင်းသည် အလွန်အရေးပါသည်။
အဓိပ္ပာယ်များကို အနီးစပ်ဆုံး နားလည်သဘောပေါက်စေရန်အတွက် ထင်သာမြင်သာရှိသည့်ပုံစံမျိုးဖြင့် ဥပမာပေးခြင်းသည် သင်ကြားရေးနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။
မကောင်းမှုကို ပေါ်လွင်ထင်ရှားစွာ ပြုလုပ်ခြင်းကို မတားမြစ်ခြင်း၌ ပျက်စီးဆုံးရှုံးမှုရှိပြီး အားလုံးအပေါ်သို့ဘေးအန္တရာယ်များ ကျရောက်လာမည်ဖြစ်သည်။
လူ့အဖွဲ့အစည်း ပျက်သုဉ်းရခြင်းသည် ကမ္ဘာမြေပေါ်တွင် ပျက်စီးရာပျက်စီးကြောင်းပြုလုပ်နေသည့် ဒုစရိုက်သမားများကို လွှတ်ထားခြင်းကြောင့်ဖြစ်သည်။
မှားယွင်းသော လုပ်ရပ်နှင့် ကောင်းမွန်သည့်ရည်ရွယ်ချက်သည် ကောင်းမြတ်သည့် လုပ်ရပ်တစ်ခုဖြစ်လာစေရန် မလုံလောက်ပါ။
တာဝန်ခံမှုသည် မွတ်စ်လင်မ်လူ့အဖွဲ့အစည်းရှိသူများအားလုံးနှင့် သက်ဆိုင်ပြီး တစ်ဦးတစ်ယောက်နှင့်သာ သီးသန့်သက်ဆိုင်သည်မဟုတ်ပါ။
အကယ်၍ မကောင်းမှုအား မတားမြစ်ပါက အချို့သူတို့၏အကုသိုလ်ကြောင့် အားလုံး အဇာဗ်ပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်။
မကောင်းမှု ကျူးလွန်သူတို့သည် မုနာဖိက်အရေခြုံများကဲ့သို့ မိမိတို့၏ လုပ်ရပ်သည် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်ကြောင်း ပြောင်းလဲဖော်ပြတတ်ကြသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (3/ 139) (2493).
ထပ်၍ (10)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 277).
تطريز رياض الصالحين.
لفيصل آل مبارك (ص149).
شرح رياض الصالحين.
لابن عثيمين (2/ 430).
كنوز رياض الصالحين.
مجموعة من الباحثين (4/ 39).
نزهة المتقين شرح رياض الصالحين.
مجموعة من الباحثين (1/ 210).
Cited in books
5 Booksထပ်၍ (5)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«مَثَلُ القَائمِ في حُدودِ الله وَالْوَاقِع فيها كَمَثَلِ قَومٍ اسْتَهَمُوا عَلىٰ سَفِينَةٍ، فَصَارَ بَعْضهُمْ أعْلاهَا وَبَعضُهُمْ أسْفَلَهَا، وَكَانَ الَّذِينَ في أسْفَلِهَا إذَا اسْتَقَوْا مِنَ الماءِ مَرُّوا عَلىٰ مَنْ فَوْقَهُمْ، فَقَا
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«مَثَلُ القَائِمِ عَلَى حُدُودِ اللَّهِ وَالوَاقِعِ فِيهَا، كَمَثَلِ قَوْمٍ اسْتَهَمُوا عَلَى سَفِينَةٍ، فَأَصَابَ بَعْضُهُمْ أَعْلَاهَا وَبَعْضُهُمْ أَسْفَلَهَا، فَكَانَ الَّذِينَ فِي أَسْفَلِهَا إِذَا اسْتَقَوْا مِنَ المَاءِ مَرُّوا عَلَى
- قاموس الكبائر«مَثَلُ القَائِمِ عَلَى حُدُودِ اللَّهِ وَالوَاقِعِ فِيهَا، كَمَثَلِ قَوْمٍ اسْتَهَمُوا عَلَى سَفِينَةٍ، فَأَصَابَ بَعْضُهُمْ أَعْلَاهَا وَبَعْضُهُمْ أَسْفَلَهَا، فَكَانَ الَّذِينَ فِي أَسْفَلِهَا إِذَا اسْتَقَوْا مِنَ المَاءِ مَرُّوا عَلَى
- قاموس الكبائرموسوعة الكبائر - المجموعة الثالثة«مَثَلُ الْقَائِمِ عَلَى حُدُودِ اللَّهِ وَالْوَاقِعِ فِيهَا، كَمَثَلِ قَوْمٍ اسْتَهَمُوا عَلَى سَفِينَةٍ، فَأَصَابَ بَعْضُهُمْ أَعْلَاهَا وَبَعْضُهُمْ أَسْفَلَهَا، فَكَانَ الَّذِينَ فِي أَسْفَلِهَا إِذَا اسْتَقَوْا مِنَ الْمَاءِ مَرُّوا عَ
- مشروع المنهج التعليميمادة الدعوة«مَثَلُ القَائِمِ عَلَى حُدُودِ اللهِ وَالوَاقِعِ فِيهَا، كَمَثَلِ قَوْمٍ اسْتَهَمُوا عَلَى سَفِينَةٍ، فَأَصَابَ بَعْضُهُمْ أَعْلَاهَا وَبَعْضُهُمْ أَسْفَلَهَا، فَكَانَ الَّذِينَ فِي أَسْفَلِهَا إِذَا اسْتَقَوْا مِنَ المَاءِ مَرُّوا عَلَى م