အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
«لَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်များကို ဆွလာသ်ဆောက်တည်ခွင့် မရှိသော ကဗရ်သင်္ချိုင်းများသဖွယ် အိဗာဒသ် ခဝပ်ကိုးကွယ်မှုမပြုဘဲနေခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့ပြင် မိမိကဗရ်တွင် ဇိယာရသ်ပြုရန် အကြိမ်ကြိမ်လာရောက်၍ ပုံမှန်စုဝေးခြင်းကိုလည်း တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် ရှိရှ်က်သို့ကျရောက်စေသည့် အကြောင်းခံဖြစ်သည်။ ထို့နောက် ကိုယ်တော်က ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှပင်ဖြစ်စေ မိမိအပေါ် (ဆွလာသ်) ကောင်းချီးမင်္ဂလာနှင့် (စလာမ်)မေတ္တာပို့သရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ပို့သခြင်းသည် အနီးမှဖြစ်စေ၊အဝေးမှဖြစ်စေ ကိုယ်တော့်ထံ ရောက်ရှိရာတွင် အတူတူပင်ဖြစ်သည်။ထို့ကြောင့် ကိုယ်တော်၏ ကဗရ်သို့ အကြိမ်ကြိမ်သွားရောက်နေရန် မလိုအပ်ပေ။
ولا تجعلوا قبري عيدًا: العيد: ما يعتاد مجيئه وقصده من زمان ومكان، أي: لا تتخذوا قبري محل اجتماعٍ تترددون إليه وتعتادونه للصلاة والدعاء وغير ذلك.
အိမ်များတွင် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုမပြုဘဲ နေခြင်းကို တားမြစ်ထားသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကဗရ်ကို ဇိယာရသ်ပြုရန် ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခြင်းကို တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်သည် မိမိအားဆွလာသ်မေတ္တာပို့သကြရန် အမိန့်ပေးထားပြီး ထိုပို့သလိုက်သည့် ဆွလာသ်သည် မိမိထံသို့ရောက်ရှိကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် ခရီးထွက်လျှင် မတ်စ်ဂျစ်ဒိနဗဝီ ဗလီဝတ်ကျောင်းတော်သို့သွားရန်နှင့် ထိုဗလီ၌ ဆွလာသ်ဝတ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ထားရမည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကဗရ်တွင် အချိန်သီးသန့်၊ ပုံသဏ္ဍာန်သီးသန့်ဖြင့် အီးဒ်သဖွယ်အကြိမ်ကြိမ်လာရောက် ဇိယာရသ်ပြုခြင်းအား တားမြစ်ထားသည်။ ထိုအတိုင်းပင် အခြားကဗရ်သင်္ချိုင်းတို့ကိုလည်း ဤကဲ့သို့ ဇိယာရသ်ပြုခြင်းမျိုးမှ တားမြစ်ထားသည်။
အလ္လာဟ်အရှင်မြတ်ထံတော်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ဂုဏ်သိက္ခာမြင့်မြတ်မှုကို ဖော်ပြထားသည်။ မည်သည့်အချိန်၊ မည်သည့်နေရာမှဖြစ်စေ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အပေါ် (ဆွလာသ်) ကောင်းချီးမင်္ဂလာနှင့် (စလာမ်)မေတ္တာပို့သရန် ခွင့်ပြုထားသည်။
သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်ထားကြောင်း ဆွဟာဗဟ်များ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အိမ်များတွင် ဆွလာသ်မဆောက်တည်ဘဲ ကဗရ်သင်္ချိုင်းများကဲ့သို့ မပြုလုပ်ရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။
စုနန်အဗူဒါဝူဒ်ကျမ်း (3/ 385) (2042).
ထပ်၍ (4)
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص202).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص185).
Cited in books
7 Booksထပ်၍ (6)
- المختصر في آداب السفر وصفة الحج والعمرة وآداب الزيارة والأدعية الجامعة مع ملحق بالفتاوى والمخالفات3- المختصر في آداب زيارة المسجد النبوي وأحكامها (للحرمين)«لَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ، فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ» [2].
- المختصر في آداب زيارة المسجد النبوي وأحكامهاالمختصر في آداب زيارة المسجد النبوي وأحكامها (للحرمين)«لَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ، فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ» [2].
- رسالة في الأذكار1«لَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».
- كتاب التوحيدكتاب التوحيد للشيخ محمد بن عبد الوهاب((لاَ تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلاَ تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلاَتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ))
- مجموعة زاد العقيده (4)العقيدة 4«لا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».
- موسوعة الإيمان«وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».