Skip to content

မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။

محاور التعريف بالإسلام
محاسن الإسلاممحاسن الأخلاق

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။

«أَكْمَلُ الْمُؤْمِنِينَ إِيمَانًا أَحْسَنُهُمْ خُلُقًا، وَخَيْرُكُمْ خَيْرُكُمْ لِنِسَائِهِمْ».

အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ လူတို့အနက် အီမာန်ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ ကောင်းမြတ်သည့်ကိုယ်ကျင့်တရား၏ စရိုက်လက္ခဏာမှာ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ကောင်းကျိုးပြုခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်း စသည်တို့ဖြစ်သည်။ မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အကောင်းဆုံးသူမှာ မိမိဇနီး၊ သမီး၊ အစ်မ၊ နှမ၊ သားချင်းတော်စပ်သည့် အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမတို့သည် လူတို့အနက် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့် ဆက်ဆံရန် အထိုက်တန်ဆုံးသူများ ဖြစ်ကြသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

....:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၏ ထွတ်မြတ်မှုကို ဖော်ပြထားသည်။ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားသည် အီမာန်ယုံကြည်မှုတွင် ပါဝင်သည်။

အမလ်ကျင့်ဆောင်မှုသည် အီမာန်ယုံကြည်မှုတွင်ပါဝင်သည်။ အီမာန်သည် တိုးတက်ခြင်း၊ လျော့နည်းခြင်းရှိသည်။

အစ္စလာမ်သာသနာသည် အမျိုးသမီးများကို ဂုဏ်ပေးထားပြီး သူမတို့အား ကောင်းကျိုးပြုရန် တိုက်တွန်းထားသည်။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (7/ 70) (4682).

စုနန်သိရ်မိဇီကျမ်း (2/ 454) (1162).

စုနန်အဗူဒါဝူဒ်ကျမ်း (7/ 70) (4682).

စုနန်သိရ်မိဇီကျမ်း (2/ 454) (1162).

ထပ်၍ (18)

مسند أحمد ط الرسالة (12/ 364) (7402).

سلسلة الأحاديث الصحيحة وشيء من فقهها وفوائدها.

للألباني (1/ 573).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 362).

شرح رياض الصالحين.

لابن عثيمين (3/ 130).

كنوز رياض الصالحين.

لمجموعة من الباحثين (5/ 234).

مسند أحمد ط الرسالة (12/ 364) (7402).

سلسلة الأحاديث الصحيحة وشيء من فقهها وفوائدها.

للألباني (1/ 573).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 362).

شرح رياض الصالحين.

لابن عثيمين (3/ 130).

كنوز رياض الصالحين.

لمجموعة من الباحثين (5/ 234).