Skip to content

ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်

အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိယာမသ် တရားစီရင်မည့်နေ့၌ ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မည်သူပါနည်း ဟုမေးလျှောက်ခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လာမ်)က မိန့်ကြားတော်မူသည်။ အိုအဗူဟုရိုင်ရဟ် ဟဒီးဆ်နှင့် ပတ်သက်လျှင် သင်၏စိတ်ပြင်းပြမှုကို ငါကိုယ်တော်မြင်တွေ့ရသည့်အတွက် ဤကဲ့သို့ဟဒီးဆ်မျိုးကို သင့်အလျင် ငါကိုယ်တော်အား မည်သူမျှ မေးမြန်းလိမ့်မည် မဟုတ်ဟု ထင်ထားသည်။ ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။

قيل يا رسول الله من أسعد الناس بشفاعتك يوم القيامة؟ قال رسول الله صلى الله عليه وسلم: «لقد ظننت يا أبا هريرة ألا يسألني عن هذا الحديث أحد أول منك لما رأيت من حرصك على الحديث، أسعد الناس بشفاعتي يوم القيامة، من قال لا إله إلا الله، خالصًا من قلبه أو نفسه».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။လူတို့အနက် ကိယာမသ် တရားစီရင်မည့်နေ့တွင် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ ရှိရ်က် ဖက်စပ်ယှဥ်တွဲကိုးကွယ်မှု၊ ရိယာအ် ပြစားမှုတို့မှကင်းစင်ကာ မိမိနှလုံးသားတွင်းမှ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်) အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိဟူ၍ ရွတ်ဆိုခဲ့သူဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

နောင်တမလွန်၌ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှဖာအသ် ကြားဝင်အသနားခံပေးခြင်းကို အတည်ပြုဖော်ပြထားသည်။ ယင်းကြားဝင်အသနားခံပေးမှုသည် သောင်ဟီးဒ် သစ္စာဝါဒီများအတွက်သာ ဖြစ်သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရှဖာအသ်သည် သောင်ဟီးဒ်သစ္စာဝါဒီများအနက်မှ ဂျဟန္နမ်ငရဲသို့ ကျရောက်မည့်သူများကို ဂျဟန္နမ်သို့ မကျရောက်‌စေရန်နှင့် ဂျဟန္နမ်ငရဲသို့ ကျရောက်သွားသူများကို ဂျဟန္နမ်မှ ထွက်ခွင့်ရစေရန်အတွက် အလ္လာဟ်အရှင်မြတ်ထံ ကြားဝင်သနားခံပေးခြင်းဖြစ်သည်။

ကလိမဟ်တော်ကို အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက်သာ ရည်ရွယ်(ရွတ်ဆို)ခြင်း၏ မွန်မြတ်မှုနှင့် ယင်း၏အကျိုးကျေးဇူးကြီးမားပုံကို တင်ပြထားသည်။

သောင်ဟီးဒ်သစ္စာတရား၏ ကလိမဟ်တော်ကို အကောင်အထည်ဖေါ်ခြင်းဟူသည် ကလိမဟ်၏ အဓိပ္ပါယ်ကို သိနားလည်ပြီး ၎င်း၏တောင်းဆိုမှုများအတိုင်း လိုက်နာကျင့်သုံးခြင်းဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)၏ ထွတ်မြတ်မှုနှင့် ပညာအတွက် သူ၏စိတ်ဓာတ်ပြင်းပြမှုကိုတင်ပြသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (1/ 31) (99).

ထပ်၍ (4)

منار القاري شرح مختصر صحيح البخاري.

لحمزة محمد قاسم (1/ 197).

القول المفيد على كتاب التوحيد.

لابن عثيمين (1/ 343).