အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
အဗူဟုမိုင်ဒ် သို့မဟုတ် အဗူအုဆိုင်းဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
«إِذَا دَخَلَ أَحَدُكُمُ الْمَسْجِدَ فَلْيَقُلِ: اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ، وَإِذَا خَرَجَ فَلْيَقُلِ: اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အွမ္မသ်နောက်လိုက်များအား ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သည့်အခါ ရွတ်ဆိုရမည့် ဒုအာကို လမ်းညွှန်ပေးတော်မူခဲ့သည်။ ၎င်းဒုအာမှာ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) ဟူ၍ဖြစ်သည်။ ဤဒုအာသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ရရှိမည့် အကြောင်းခံများကို မိမိအားချီးမြှင့်ရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။ အကယ်၍ ဗလီဝတ်ကျောင်းတော်မှ ထွက်ရန်ရည်ရွယ်သောအခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ)ကို ဆိုရမည်။ ဤဒုအာသည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ဟလာလ်ရိုဇီကို ဆတက်ထမ်းပိုးချီးမြှင့်တော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းဖြစ်သည်။
ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါနှင့် ထွက်သည့်အခါ၌ ဤဒုအာများကို ရွတ်ဆိုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
ဗလီဝတ်ကျောင်းတော်သို့ ဝင်သောအခါ၌ ရဟ်မသ်ကရုဏာကို သီးသန့်ရည်ညွှန်းပြီး၊ ထွက်သည့်အခါ၌ ကျေးဇူးတရားကို သီးသန့်ရည်ညွှန်းထားခြင်းမှာ ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်သူသည် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေမည့် ကောင်းမှုများ၊ ဂျန္နသ်သုခဘုံနှင့်နီးကပ်စေမည့် ကောင်းမှုများတွင် နစ်မွန်းသွားသည့်အတွက် ကရုဏာတော်ကိုတောင်းခံခြင်းမှာ ပို၍ သင့်လျော်ပြီး၊ ဗလီဝတ်ကျောင်းတော်မှ ထွက်သောအခါ မြေပထဝီပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် ရိုဇီရိက္ခာကို ရှာဖွေရန်ကြိုးပမ်းအားထုတ်သည့်အတွက် ကျေးဇူးတရားကို တောင်းခံခြင်းမှာ ပို၍သင့်လျော်သည်။
ဤဒုအာများကို ဗလီဝတ်ကျောင်းတော်သို့ဝင်ရောက်ရန်နှင့် ထွက်ခွါရန် ရည်ရွယ်သောအခါ ဆိုရမည်ဖြစ်သည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 494) (713).
ထပ်၍ (3)
الكاشف عن حقائق السُّنن (3/935).
فيض القدير (1/ 336).
ذخيرة العقبى (9/153).
Cited in books
10 Books- ကျမ်းတော်မြတ်နှင့် စွန္နသ်တော်လာ ဇိကိရ်တော်များဖြင့် မွတ်စ်လင်မ်၏ အကာအကွယ်ခံတပ်حصن المسلمအလ်လာဟုမ္မ အင်န်နီ အတ်စ်အလုက မင်န် ဖဿ်ွလစ်က်
- မတ်စ်ဂျိဒ် နဗဝီ၏ ထွဋ်မြတ်မှုများနှင့် ရိုသေသမှုများ၊ တမန်တော်မြတ် (ﷺ) ၏ ကဗရ်တော်နှင့် တမန်တော်မြတ်၏ အ ဆွေတော်နှစ်ပါး (رضي الله عنهما) ၏ ကဗရ်တော်များကို ဇိယာရသ်ပြုလုပ်ခြင်းဆိုင်ရာ အမိန့်ပညတ်ချက်များفضائل وآداب المسجد النبوي، وأحكام زيارة قبر النبي عليه الصلاة والسلام وقبري صاحبيه(اللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ)[၁၉]၊ အဓိပ္ပါယ်။ ။အို-အလ္လာဟ်အရှင်မြတ်၊ မုချဧကန် ကျွန်တော်မျိုးသည် အရှင့်ထံတော်ပါးမှ အရှင်မြတ်၏ ကျေးဇူးတော်ကို တောင်းခံပါ၏။
ထပ်၍ (8)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"إذا دخل أحدكم المسجد فليقل: اللهم افتح لي أبواب رحمتك. وإذا خرج فليقل: اللهم إني أسألك من فضلك".
- المختصر في آداب السفر وصفة الحج والعمرة وآداب الزيارة والأدعية الجامعة مع ملحق بالفتاوى والمخالفات2- المختصر في صفة الحج وأحكامه (للحرمين)«اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ»[2]،
- المختصر في صفة الحج وأحكامهالمختصر في صفة الحج والعمرة«اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ»[2]،
- رسالة في الأذكار1«إِذَا دَخَلَ أَحَدُكُمُ المَسْجِدَ فَلْيَقُلِ: اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ، وَإِذَا خَرَجَ فَلْيَقُلِ: اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ».
- ما لا يسع أطفال المسلمين جهله«اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ»[150].
- ما لا يسع أطفال المسلمين جهلهج: «اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ»[221].
- ما لا يسع أطفال المسلمين جهلهج: «اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ»[222].
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)التربية الإٍسلامية -3- «اللهم إني أسألك من فضلك»