Skip to content

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။

«إِنَّ اللهَ لَا يَنْظُرُ إِلَى صُوَرِكُمْ وَأَمْوَالِكُمْ، وَلَكِنْ يَنْظُرُ إِلَى قُلُوبِكُمْ وَأَعْمَالِكُمْ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်များကို လှပသလား၊ ရုပ်ဆိုးသလား၊ ကြီးမားသလား၊ သေးငယ်သလား၊ သန်စွမ်းသလား၊ မသန်စွမ်းသလားဟူ၍ ကြည့်တော်မူမည်မဟုတ်ပေ။ ထို့အတူ ၎င်းတို့၏ ဥစ္စပစ္စည်းများကို များသလား၊ နည်းသလားဟူ၍လည်း ကြည့်တော်မူမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား ထိုကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့၏ကွဲပြားမှုများကို စစ်ဆေးမည်မဟုတ်သလို အပြစ်‌ပေးမည်လည်းမဟုတ်ပေ။ သို့သော် ၎င်းတို့၏ နှလုံးသားများနှင့် ယင်း၌ရှိသော ‘သက္ကဝါ’ တရား၊ ယုံကြည်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ ‘အိခ်လာဆ်ွ’ စိတ်စေတနာဖြူစင်မှု သို့မဟုတ် ‘ရိယာ’ ပြစားမှု၊ ကျော်ကြားလိုစိတ်ရှိမှု စသည်တို့ကို ကြည့်တော်မူမည်‌ဖြစ်သည်။ ထို့အတူ ၎င်းတို့၏ လုပ်ရပ်များ ကောင်းမွန်မှု၊ ပျက်စီးမှုတို့ကို ကြည့်တော်မူပြီး ထိုအပေါ် အကျိုးကုသိုလ်နှင့် အစားများပြန်လည်ပေးတော်မူမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

စိတ်နှလုံးသားကို ပြုပြင်ရန်နှင့် မကောင်းသည့် အရည်အချင်းများမှ စင်ကြယ်စေရန် အလေးထားရမည်။

အိခ်လာဆ်ွဖြင့် စိတ်နှလုံးသားကို ပြုပြင်ရမည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ နောက်လိုက်ခြင်းဖြင့် အမလ်ကျင့်ဆောင်မှုများကိပြုပြင်ရမည်။ ထိုနှစ်ချက်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်ပါးတွင် အဓိကကြည့်ရှုမည့်အရာများဖြစ်သည်။

လူသားသည် မိမိ၏ဥစ္စာပစ္စည်း၊ အလှတရား၊ ခန္ဓာကိုယ်နှင့် ဤလောက၏ အသွင်အပြင်တစ်ခုခုကြောင့် လှည့်စားခြင်းမခံသင့်ပေ။

အတွင်းပိုင်းကို မပြုပြင်ဘဲ အပြင်ပိုင်းကိုသာ မှီခိုအားထားနေခြင်းမပြုရန် သတိပေးထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2564) (4/ 1986).

ထပ်၍ (6)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 40).

تطريز رياض الصالحين.

لفيصل المبارك (ص14).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 25).