Skip to content

ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။

«حُجِبَتِ النَّارُ بِالشَّهَوَاتِ، وَحُجِبَتِ الْجَنَّةُ بِالْمَكَارِهِ».

ဗုခါရီကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြစ်သည့် ဟရာမ်တားမြစ်ချက်များကိုကျူးလွန်ခြင်း၊ ဖရ်ဿ်ွတာဝန်များကို ပေါ့လျော့ခြင်းစသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် မည်သူမဆို စိတ်အလိုရမ္မက်နောက်သို့ လိုက်ပါက ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ထို့အတူ ဂျန္နသ်သုခဘုံအား စိတ်မနှစ်မြို့ဖွယ်ရာများဖြစ်သည့် သာသနာ့အမိန့်များအပေါ် စွဲစွဲမြဲမြဲလိုက်နာကျင့်သုံးခြင်း၊ ဟရာမ် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း ၎င်းတို့အပေါ်သည်းခံခြင်း စသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် လူတစ်ဦးသည် ထိုအချက်များအပေါ် မိမိ၏စိတ်ကို ဂျိဟာဒ်ပြုပါက ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

حُجبت: حُفت وأُحيطت.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

စိတ်ရိုင်းအလိုရမ္မက်များတွင် ကျရောက်ရသည့် အဓိကအကြောင်းရင်းမှာ ရှိုင်သွာန်မိစ္ဆာသည် မကောင်းသောအရာများနှင့် စက်ဆုပ်ရွံရှာဖွယ်ရာတို့အား လူသား၏စိတ်ထဲတွင် ကောင်းမွန်သည်ဟု အထင်ရောက်စေရန်နှင့် ထိုဘက်သို့ ယိမ်းယိုင်လာစေရန် တန်ဆာဆင်ပေးသည့်အတွက် ဖြစ်သည်။

တားမြစ်ထားသည့် စိတ်အလိုရမ္မက်များသည် ဂျဟန္နမ်ငရဲဘုံသို့ ရောက်ရှိစေသည့် လမ်းဖြစ်သည့်အတွက် ရှောင်ကြဉ်ရမည်။ ထို့အတူ စိတ်မနှစ်မြို့ဖွယ်ရာများသည် ဂျန္နသ်သုခဘုံသို့ ရောက်စေသည့် လမ်းဖြစ်သည့်အတွက် ထိုအပေါ် သည်းခံရမည်။

‘နဖ်စ်' စိတ်ရိုင်းဖြင့် ဂျိဟာဒ်ပြုခြင်း၊ အိဗာဒသ်ပြုရန် ကြိုးစားအားထုတ်ခြင်း၊ အမိန့်နာခံမှု၌ရှိနေသော အခက်အခဲများ၊ စိတ်မနှစ်မြို့ဖွယ်ရာများအပေါ်သည်းခံခြင်း၏ မွန်မြတ်မှုကို ဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 102) (6487).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2174) (2822).

စုနန်အဗူဒါဝူဒ်ကျမ်း (7/ 122) (4744).

စုနန်သိရ်မိဇီကျမ်း (4/ 274) (2560).

စုနန်နစာအီကျမ်း (7/ 3) (3763).

ထပ်၍ (10)

كنوز رياض الصالحين.

لمجموعة من الباحثين (2/ 449).

شرح رياض الصالحين.

لابن عثيمين (2/ 87).

المنهاج شرح صحيح مسلم بن الحجاج.

للنووي (17/ 165).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 183).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (1/ 134).