Skip to content

ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။

အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။

«مَنْ حَمَلَ عَلَيْنَا السِّلَاحَ فَلَيْسَ مِنَّا».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စလင်တို့အား ခြိမ်းခြောက်ရန် သို့မဟုတ် လုယက်ရန်အတွက် လက်နက်ကိုင်ဆောင်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထိုသို့ မတရားမှုကိုကျူးလွန်သူသည် ကဗီရဟ် ကြီးလေးသောအပြစ်အကုသိုလ်ကို ကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုသို့ ကျရောက်သွားမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

من حمل علينا السلاح: المقصود به من حمل السلاح؛ لقتال المسلمين أو لإرهاربهم.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်များအား တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားသည်။

ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးပြဿနာနှင့် အကြီးမားဆုံး မကောင်းမှုဒုစရိုက်မှာ မွတ်စ်လင်မ်များကိုဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်မှုများပြုကာ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခြင်းဖြစ်သည်။

ဖေါ်ပြပါ သတိပေးခြိမ်းခြောက်မှု၌ တရားသဖြင့် တိုက်ခိုက်ခြင်းမျိုးဖြစ်သည့် သူပုန်များ၊ မကောင်းမှု ဒုစရိုက်ကျူးလွန်သူများ၊ ၎င်းတို့ကဲ့သို့ သူများကို တိုက်ခိုက်ခြင်းများ မပါဝင်ပါ။

ကျီစား၍ပင်ဖြစ်စေ မွတ်စ်လင်မ်တို့အား လက်နက် သို့မဟုတ် အခြားအရာဖြင့် ထိတ်လန့်အောင်ပြုလုပ်ခြင်းကို တားမြစ်ထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (9/ 49) (7071).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 98) (100).

ထပ်၍ (8)

خلاصة الكلام شرح عمدة الأحكام.

لفيصل آل مبارك (ص406).

الإفهام في شرح عمدة الأحكام.

لابن باز (ص815).

الإلمام بشرح عمدة الأحكام.

لإسماعيل الأنصاري (2/ 195).

تيسير العلام شرح عمدة الأحكام.

لعبد الله البسام (ص752).