အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်က {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ} “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ကျွန်က {الرَّحْمَنِ الرَّحِيمِ} “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {مَالِكِ يَوْمِ الدِّينِ} “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ တစ်ခါတစ်ရံတွင် ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။ ၎င်းကျွန်က {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ} “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။ ထိုအခါကျွန်က {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ} “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။
«قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ}، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: {الرَّحْمَنِ الرَّحِيمِ}، قَالَ اللهُ تَعَالَى: أَثْنَى عَلَيَّ عَبْدِي، وَإِذَا قَالَ: {مَالِكِ يَوْمِ الدِّينِ}، قَالَ: مَجَّدَنِي عَبْدِي، -وَقَالَ مَرَّةً: فَوَّضَ إِلَيَّ عَبْدِي-، فَإِذَا قَالَ: {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ}، قَالَ: هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ: {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ}، قَالَ: هَذَا لِعَبْدِي وَلِعَبْدِي مَا سَأَلَ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ဟဒီးဆ် ကုဒ်ဆီ၌ မိန့်ကြားတော်မူထားသည်။ ငါအရှင်မြတ်သည် ဆွလာသ်၌ စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူရာ တစ်ဝက်သည် ငါအရှင်မြတ်အတွက်ဖြစ်ပြီး နောက်တစ်ဝက်သည် ငါအရှင်မြတ်၏ကျွန်အတွက်ဖြစ်သည်။ ပထမတစ်ဝက်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း၊ အရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို မြွက်ဟခြင်းတို့ဖြစ်ပြီး အရှင်မြတ်သည် ကျေးကျွန်အား ယင်းအစား အကောင်းဆုံးအစားကို ချီးမြှင့်တော်မူသည်။ ဒုတိယတစ်ဝက်မှာ ရိုကျိုးခြင်း၊ ဆုတောင်းခြင်းတို့ဖြစ်ပြီး အရှင်မြတ်သည် သူ၏ တောင်းဆုကို လက်ခံတော်မူပြီး သူတောင်းခံသည့်အရာကို ချီးမြှင့်တော်မူသည်။ ဆွလာသ်ဝတ်ပြုသူက {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ} “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ဆွလာသ်ဝတ်ပြုသူက {الرَّحْمَنِ الرَّحِيمِ} “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်အား ချီးကျူးထောမနာပြုနေသည်။ ငါအရှင်မြတ်၏ အဖန်ဆင်းခံများအပေါ်တွင်ရှိသော အလုံးစုံသော ကျေးဇူးများကို ငါအရှင်မြတ်သာ ချီးမြှင့်ထားကြောင်း ငါအရှင်၏ကျွန်က ဝန်ခံနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {مَالِكِ يَوْمِ الدِّينِ} “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ အလွန့်အလွန်ကြီးကဲထွတ်မြတ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ} “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည်ဟုအမိန့်ရှိတော်မူ၏။ ဤအာယသ်တော်၏ ပထမတစ်ဝက်ဖြစ်သည့် {إِيَّاكَ نَعْبُدُ }သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်သာလျှင် ကိုးကွယ်ထိုက်သော အရှင်ဖြစ်ကြောင်း ဝန်ခံခြင်းနှင့် အရှင်မြတ်အား ခဝပ်ကိုးကွယ်ကာ ထိုဝန်ခံမှုကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ဤတွင် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်တော်မူသည့် ပထမ တစ်ဝက် ပြီးဆုံးသွားပြီဖြစ်သည်။ အာယသ်တော်၏ ဒုတိယတစ်ဝက်ဖြစ်သည့် {وَإِيَّاكَ نَسْتَعِينُ}သည် ကျေးကျွန်အတွက်ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ အကူအညီတောင်းခံခြင်းဖြစ်ပြီး အရှင်မြတ်က ထိုကျေးကျွန်အား ကူညီရန် ကတိပြုတော်မူခဲ့သည်။ ထိုအခါ ကျွန်က {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ} “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည် ငါအရှင်မြတ်၏ကျွန်က ရိုကျိုးစွာဖြင့်ဆုတောင်းနေခြင်းဖြစ်ပြီး ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီ၊ ၎င်း၏ တောင်းဆုကို လက်ခံတော်မူလိုက်ပြီဟု အမိန့်ရှိတော်မူသည်။
...:
စူရဟ်ဖာသိဟဟ်၏ ကြီးကျယ်မြင့်မြတ်မှုကို ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် ယင်းစူရဟ်အား ‘ဆွလာသ်’ဟု အမည်ပေးခဲ့သည်။
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်အား ဂရုစိုက်တော်မူကြောင်း ဖော်ပြထားသည်။ အရှင်မြတ်သည် မိမိကျွန်အား သူ၏ချီးမွမ်းမှု၊ ချီးကျူးထောမနာပြုမှု၊ ကြီးကဲမြတ်ထွတ်ကြောင်း မြွက်ဟမှုတို့ကြောင့် ချီးကျူးတော်မူပြီး ၎င်းတောင်းခံသည့်အရာကို ပေးသနားမည်ဖြစ်ကြောင်း ကတိပြုတော်မူခဲ့သည်။
ဤမြင့်မြတ်လှသည့် စူရဟ်၌ အရှင်မြတ်အား ချီးကျူးထောမနာပြုခြင်း၊ တရားစီရင်မည့်နေ့အကြောင်း တင်ပြခြင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဆုတောင်းခြင်း၊ အရှင်မြတ်အတွက်သာ သီးသန့် အိဗာဒဟ် ခဝပ်ကိုးကွယ်မှုပြုခြင်း၊ ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသပေးရန် တောင်းခံခြင်း၊ မှားယွင်းသောလမ်းကို လျှောက်လှမ်းခြင်းမပြုရန် သတိပေးတားမြစ်ခြင်းတို့ပါဝင်သည်။
ဆွလာသ်ဝတ်ပြုသူအနေဖြင့် ဤဟဒီးဆ်တော်အပါ် အာရုံစူးစိုက်မှုထားကာ စူရဟ်ဖာသိဟဟ်ကို ဖတ်ရွတ်ပါက ဆွလာသ်၌ အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးမှု ပို၍တိုးလာမည်ဖြစ်သည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 296) (395).
ထပ်၍ (4)
إكمال المعلم (2/275).
المفهم لما أشكل من تلخيص كتاب مسلم (2/ 27).
شرح النووي على مسلم (4/103).
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (9/ 232) (9/ 253).
Cited in books
14 Booksထပ်၍ (14)
- الأربعون في تعظيم قدر الصلاةالأربعون في تعظيم قدر الصلاة «قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِــي وَبَيْنَ عَبْدِي نِصْفَـــيْنِ، وَلِعَبْدِي مَا سَـــأَلَ، فَإِذَا قَالَ الْعَبْدُ: ﴿الْحَــمْدُ لِلَّهِ رَبِّ الْعَالَمِينَ﴾، قَالَ اللهُ تَعَالَى: حَـــمِدَنِي عَبْدِي، وَإِذَا قَالَ: ﴿
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: (الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ)، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: (الرَّحْمَنِ ا
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهم«قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: (الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ)، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: (الرَّحْمَنِ ا
- صلاتنا الخاشعة"قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: ﴿ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ﴾ [الفاتحة: 2]، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: ﴿
- مجموعة زاد التفسير (1)التفسير 1«قال الله تعالى: قَسَمْتُ الصَّلاةَ بَيني وَبَينَ عَبدي نِصْفَينِ وَلِعَبدي ما سَألَ، فَإِذا قال العبدُ: ﴿الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ﴾ . قال الله تعالى: حَمِدَنِي عَبدي، وإذا قال: ﴿الرَّحْمَنِ الرَّحِيمِ﴾ . قال الله تعالى: أَثنَى
- مجموعة زاد التفسير (1)التفسير 1«فنصفها لعبدي ولعبدي ما سأل»
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة﴿ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ 2﴾ ، يقول الله تعالى: حمدني عبدي، وإذا قال: ﴿ٱلرَّحۡمَٰنِ ٱلرَّحِيمِ 3﴾ ، يقول الله تعالى: أثنى علي عبدي، وإذا قال: ﴿مَٰلِكِ يَوۡمِ ٱلدِّينِ 4﴾ ، يقول الله تعالى: مجدني عبدي، فإذا قال: ﴿إِيَّاكَ نَعۡبُ
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة"قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِــي وَبَيْنَ عَبْدِي نِصْفَـــيْنِ، وَلِعَبْدِي مَا سَـــأَلَ، فَإِذَا قَالَ الْعَبْدُ: ﴿ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ 2﴾ ، قَالَ اللهُ تَعَالَى: حَـــمِدَنِي عَبْدِي، وَإِذَا قَالَ:
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة" قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: ﴿ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ 2﴾ [الفاتحة: 2]، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة"هَذَا بَيْنِي وَبَيْنَ عَبْدِي "
- محاضرات تعظيم قدر الصلاةمحاضرات في تعظيم قدر الصلاة"هَذَا بَيْنِي وَبَيْنَ عَبْدِي "
- مشروع منهاج زادكزادك 1 طالب«قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: (ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ)، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: (ٱلرَّحۡمَٰنِ
- من الأحكام الفقهية في الطهارة والصلاة والجنائز«قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: ﴿ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ﴾ قَالَ اللهُ تَعَالَى: حَمَدَنِي عَبْدِي. وَإِذَا قَالَ: ﴿ٱلرَّحۡمَٰنِ ٱلرَّحِيمِ﴾ قَالَ اللهُ
- نبراس طالب (1)1«قَالَ اللهُ تَعَالَى: قَسَمْتُ الصَّلَاةَ بَيْنِي وَبَيْنَ عَبْدِي نِصْفَيْنِ، وَلِعَبْدِي مَا سَأَلَ، فَإِذَا قَالَ الْعَبْدُ: {الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ(2)}، قَالَ اللهُ تَعَالَى: حَمِدَنِي عَبْدِي، وَإِذَا قَالَ: {الرَّحْمَن