“ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ်ဗင်န်အာဆ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။
«الْكَبَائِرُ: الْإِشْرَاكُ بِاللهِ، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَمُوسُ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပြစ်မှုကြီးများနှင့် ပတ်သက်၍ ရှင်းပြတော်မူခဲ့သည်။ ပြစ်မှုကြီးဟူသည် ကျူးလွန်သူအား လောကီ၊ လောကုတ္တရာ ပြစ်ဒဏ်များဖြင့် ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည့် ပြစ်မှုများဖြစ်သည်။ ၎င်းတို့အနက် ပထမဦးဆုံးပြစ်မှုမှာ “အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း” ဖြစ်သည်။ ဤသည် ခဝပ်ကိုးကွယ်မှုအမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်နှင့်သာ သီးသန့်သက်ဆိုင်သည့် ဖန်ဆင်းခြင်း၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်ခြင်း၊ မြင့်မြတ်သော ဂုဏ်တော်၊ နာမတော်များတွင် အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို တန်းတူပြုလုပ်ခြင်းဖြစ်သည်။ ဒုတိယပြစ်မှုမှာ “မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း” ဖြစ်သည်။ ဤသည် စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ၊ ကောင်းမွန်စွာပြုစုစာင့်ရှောက်ခြင်းကို စွန့်လွှတ်၍ဖြစ်စေ မိဘနှစ်ပါးကို ဒုက္ခဖြစ်စေသော ကိစ္စတိုင်းကိုဆိုလိုသည်။ တတိယပြစ်မှုမှာ “အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း” ဖြစ်သည်။ ဤသည် အသက်တစ်ချောင်းအား မတရားသဖြင့် ရန်ငြိုးထား၍ သတ်ဖြတ်ခြင်းဖြစ်သည်။ စတုတ္ထပြစ်မှုမှာ “မုသားကျိန်ဆိုခြင်း” ဖြစ်သည်။ ဤသည် သိလျက်နှင့် တမင်လိမ်လည်ကျိန်ဆိုခြင်းဖြစ်သည်။ (ယမီးနုလ်ဂမူဆ်)ဟု ခေါ်ဆိုရခြင်းမှာ ယင်းကျိန်ဆိုမှုသည် ကျိန်ဆိုသူအား အပြစ်အကုသိုလ် သို့မဟုတ် ဂျဟန္နမ်ငရဲမီး၌ နစ်မြုပ်စေသည့်အတွက်ကြောင့်ဖြစ်သည်။
...:
မုသားကျိန်ဆိုခြင်းသည် အပြစ်အလွန်ကြီးပြီး ၎င်း၏အန္တရာယ်မှာလည်း ပြင်းထန်လှသည့်အတွက် (ကဖ္ဖာရဟ်) အပြစ်ချေဖျက်ပးမည့်အရာ မရှိပါ။ ထိုပြစ်မှုအတွက် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုပြုရမည်။
ဟဒီးဆ်တော်တွင် ဤအပြစ်လေးမျိုးကိုသာ ပြစ်မှုကြီးများအဖြစ် ဖော်ပြထားခြင်းမှာ ၎င်းတို့၏ အပြစ်ကြီးမားမှုကြောင့်ဖြစ်ပြီး ဤပြစ်မှုများသာ ပြစ်မှုကြီးများဖြစ်သည်ဟု ရည်ရွယ်ထားခြင်း မဟုတ်ပါ။
အပြစ်အကုသိုလ်ကို ‘ကဗီရဟ်’ ပြစ်မှုကြီးများနှင့် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဟူ၍ ခွဲထားသည်။ ပြစ်ဒဏ်စီရင်ခြင်း၊ ‘လအ်နသ်’ကျိန်ဆဲခြင်းကဲ့သို့ လောက၏ပြစ်ဒဏ်ခတ်မှုများ သို့မဟုတ် ငရဲမီးသို့ ဝင်ရောက်ရမည်ဟူသော အာခိရသ်ဆိုင်ရာ သတိပေးခြိမ်းခြောက်မှုများပါသော ပြစ်မှုများသည် ‘ကဗီရဟ်’ ပြစ်မှုကြီးများဖြစ်သည်။ ပြစ်မှုကြီးများတွင် အဆင့်များရှိပြီး အချို့က အချို့ထက် ဟရာမ်ဖြစ်ရာတွင် ပိုပြင်းထန်သည်။ ပြစ်မှုကြီးများမှလွဲ၍ ကျန်အပြစ်အကုသိုလ်များသည် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဖြစ်ကြသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (8/ 137) (6675).
ထပ်၍ (7)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 408).
رياض الصالحين للنووي (ص125) (337).
كنوز رياض الصالحين.
لمجموعة من الباحثين (5/ 610).
تطريز رياض الصالحين.
لفيصل آل مبارك (ص964).
Cited in books
7 Booksထပ်၍ (7)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«الكَبَائِرُ: الإشْرَاكُ بِالله، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَموسُ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 8«الْكَبَائِرُ: الإشْرَاكُ بِالله، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَمُوسُ».
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [118].
- قاموس الكبائر«الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [118].
- قاموس الكبائرموسوعة الكبائر - المجموعة الخامسة«الْإِشْرَاكُ بِاللَّهِ، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ»
- قاموس الكبائرموسوعة الكبائر - المجموعة الخامسة«الْكَبَائِرُ: الْإِشْرَاكُ بِاللَّهِ، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَمُوسُ»
- نبراس طالب (5)1«الكَبَائِرُ: الإِشْرَاكُ بِاللهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَاليَمِينُ الغَمُوسُ»