မကြာမီ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသင်တို့မနှစ်မြို့သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ သာဝကတော်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ကျေပွန်ရမည့်ဝတ္တရားများကို ကျေပွန်ကြကုန်။ အသင်တို့ ရရှိမည့်အရာများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံကြကုန်။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မကြာမီ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အသင်တို့မနှစ်မြို့သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ သာဝကတော်များက အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကိုယ်တော် ကျွန်တော်မျိုးတို့အား မည်သို့ အမိန့်ပေးပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ကျေပွန်ရမည့်ဝတ္တရားများကို ကျေပွန်ကြကုန်။ အသင်တို့ ရရှိမည့်အရာများကို အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံကြကုန်။
«سَتَكُونُ أَثَرَةٌ وَأُمُورٌ تُنْكِرُونَهَا» قَالُوا: يَا رَسُولَ اللَّهِ فَمَا تَأْمُرُنَا؟ قَالَ: «تُؤَدُّونَ الحَقَّ الَّذِي عَلَيْكُمْ، وَتَسْأَلُونَ اللَّهَ الَّذِي لَكُمْ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တို့၏ဥစ္စာပစ္စည်းများနှင့် အခြားလောကီရေးကိစ္စများတွင် မိမိတို့ကောင်းစားရေးကို ရှေ့တန်းတင်ကြသည့် အာဏာပိုင်းများ မကြာမီ မွတ်စ်လင်မ်တို့အား အုပ်ချုပ်လာကြမည်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့စိတ်ကြိုက်သုံးစွဲကြပြီး ထိုဥစ္စာပစ္စည်းများနှင့် ပတ်သက်၍ အများမွတ်စ်လင်မ်တို့၏ ရပိုင်ခွင့်ကို ပိတ်ပင်တားဆီးကြမည်ဖြစ်သည်။ ထို့အတူ သာသနာ့ရေးအရ မနှစ်မြို့ဖွယ်ရာများ ၎င်းတို့တွင် ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ဆွဟာဗဟ် (ရဿွိယလ္လာဟုအန်ဟုမ်) များက ထိုအခြေအနေမျိုး၌ မည်သို့ပြုလုပ်ရမည်ကို မေးမြန်းခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ဥစ္စာပစ္စည်းများနှင့်ပတ်သက်၍ ၎င်းတို့၏တစ်ကိုယ်ကောင်းဆန်မှုသည် ယင်းအာဏာပိုင်များ၏ အမိန့်ကိုနာခံရန် တာဝန်ရှိသည့် အချက်ကို အဟန့်အတားမဖြစ်ပါစေနှင့်။ ထို့ပြင် အသင်တို့သည်းခံကြပါ၊ နာခံကြပါ၊ အမိန့်အာဏာနှင့်ပတ်သက်၍ ၎င်းတို့အား အငြင်းမပွားကြနှင့်၊ အသင်တို့၏အခွင့်အရေးများကို အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ တောင်းခံကြပါ။ ၎င်းအပြင် ထိုအာဏာပိုင်များအား ပြုပြင်ပေးရန်နှင့် ၎င်းတို့၏ဆိုးကျိုးများ၊ မတရားမှုများမှ ဖယ်ရှားရန် အရှင်မြတ်ထံတောင်းခံကြပါ။
الأَثَرَة: الاستئثار عليهم بأمور الدنيا والانفراد بها، عمن له فيه حق.
ဤဟဒီးဆ်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နဗီဖြစ်ကြောင်း ညွှန်ပြနေသော အထောက်အထားများအနက်မှ တစ်ချက်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏အွမ္မသ်၌ မကြာမီဖြစ်ပေါ်လာမည့်ကိစ္စကို ကြိုတင်အသိပေးခဲ့ပြီး ထိုကိစ္စသည်ကိုယ်တော် အသိပေးထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
ဒုက္ခနှင့် ရင်ဆိုင်ရမည့်သူအား ၎င်း၏စိတ်၌ ခံနိုင်ရည်ရှိစေရန်နှင့် ဒုက္ခနှင့်ရင်ဆိုင်ရသည့်အခါ သည်းခံပြီး အကျိုးကုသိုလ် မျှော်ကိုးနိုင်ရန်အတွက် သူကြုံတွေ့နိုင်သည့်ဒုက္ခကို အသိပေးခြင်းပိုင်သည်။
ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နဟ်ကို ဆုပ်ကိုင်ထားခြင်းသည် ပြဿနာများနှင့် အကွဲအလွဲများမှ လွတ်မြောက်ရန် ထွက်ပေါက်ပင်ဖြစ်သည်။
အုပ်ချုပ်သူတို့အား ကောင်းမွန်စွာ အမိန့်နာခံရန်နှင့် ၎င်းတို့ဘက်မှ မတရားမှု ပေါ်ပေါက်လာလျှင်လည်း ခွဲထွက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
ပြဿနာများဖြစ်ပေါ်နေသော အချိန်ကာလတွင် အမြော်အမြင်ရှိရန်နှင့် စွန္နဟ်ကို လိုက်နာရန် ဖော်ပြထားသည်။
မတရားမှုရှိနေလျှင်လည်း လူသားသည် မိမိပေါ်ရှိနေသည့်တာဝန်ကို ကျေပွန်ရမည်။
ဆိုးကျိုးနှစ်ခုအနက် သို့မဟုတ် အန္တရာယ်နှစ်ခုအနက် အပေါ့ပါးဆုံးကို ရွေးချယ်ပါဟူသော စည်းမျဉ်းကို ဤဟဒီးဆ်တော်က ထောက်ခံထားသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 199) (3603).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1472) (1843).
ထပ်၍ (10)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 720).
تطريز رياض الصالحين.
لفيصل آل مبارك (ص52).
كنوز رياض الصالحين.
لمجموعة من الباحثين (9/ 402).
شرح رياض الصالحين.
لابن عثيمين (1/ 280).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 554).