ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု
အဗူဗက်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု သုံးကြိမ်တိုင်တိုင် မေးမြန်းတော်မူခဲ့သည်။ ကျွန်တော်တို့က အို -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်၊ အမှန်ပင် ပြောပြတော်မူပါဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်းဖြစ်သည်။ ထိုသို့ဖြေကြားပြီးနောက် ကိုယ်တော်သည် မှီလျက်ရှိနေရာမှ ထိုင်တော်မူ၍ မိန့်ကြားသည်မှာ ကောင်းစွာသတိပြုကြပါ။ မုသားစကားပြောဆိုခြင်းဖြစ်သည်။ ကိုယ်တော်သည် ထိုစကားကို ထပ်ခါထပ်ခါ မိန့်ကြားတော်မူနေရာ တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု ကျွန်တော်တို့(စိတ်ထဲ၌) ကိုယ်တော့်အား (ကြင်နာ၍) ပြောဆိုမိကြသည်အထိ ဖြစ်ခဲ့သည်။
«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الْكَبَائِرِ؟» ثَلَاثًا، قَالُوا: بَلَى يَا رَسُولَ اللهِ، قَالَ: «الْإِشْرَاكُ بِاللهِ، وَعُقُوقُ الْوَالِدَيْنِ» وَجَلَسَ وَكَانَ مُتَّكِئًا، فَقَالَ: «أَلَا وَقَوْلُ الزُّورِ»، قَالَ: فَمَا زَالَ يُكَرِّرُهَا حَتَّى قُلْنَا: لَيْتَهُ سَكَتَ.
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏သာဝကတော်များအား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်၍ အသိပေးမိန့်ကြားတော်မူခဲ့သည်။ ကိုယ်တော်သည် အောက်ပါအပြစ်အကုသိုလ် (၃)မျိုးအား မိန့်ကြားခဲ့သည်။ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း။ ဤသည် ခဝပ်ကိုးကွယ်မှုအမျိုးအစားများအနက်မှ တစ်မျိုးမျိုးကို အလ္လာဟ်အရှင်မြတ်အပြင် အခြားသူအတွက် ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင်လည်းကောင်း၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်မှုတွင်လည်းကောင်း၊ မြင့်မြတ်သော ဂုဏ်တော်၊ နာမတော်များကို ပိုင်ဆိုင်ရာတွင်လည်းကောင်း အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို တန်းတူပြုလုပ်ခြင်းဖြစ်သည်။ (၂) မိဘနှစ်ပါး၏ အမိန့်ကို ဖီဆန်ခြင်း။ ဤသည် မိဘနှစ်ပါးကို ကောင်းမွန်စွာပြုစုစာင့်ရှောက်ခြင်းကို စွန့်လွှတ်ခြင်း၊ စကားဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မိဘနှစ်ပါးကို ဒုက္ခဖြစ်စေသည့် ကိစ္စတိုင်းကိုဆိုလိုသည်။ (၃) မုသားစကားပြောဆိုခြင်း ၎င်းတွင်မုသားသက်သေထွက်ဆိုခြင်းလည်း ပါဝင်သည်။ ဤသည်လိမ်လည်ပြောဆိုသည့် စကားအားလုံးကို ဆိုလိုပြီး ထိုစကားဖြင့် လိမ်လည်ခံရသူ၏ ဥစ္စာပစ္စည်းကို ရယူရန် သို့မဟုတ် ၎င်း၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားရန် သို့မဟုတ် အလားတူကိစ္စတစ်ခုခုကိုပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုသားစကား၏ မကောင်းမှုနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်း၏ဆိုးကျိုးများကို သတိပေးသည့်အနေဖြင့် မုသားစကားပြောဆိုခြင်းကို အကြိမ်ကြိမ်သတိပေးတားမြစ်တော်မူခဲ့ရာ နောက်ဆုံး ဆွဟာဗဟ်များက ကိုယ်တော့်အပေါ် ကရုဏာသက်၍ ကိုယ်တော်အတွက် စိတ်အနှောက်အယှက်ဖြစ်မည်ကို မလိုလားသောကြောင့် တိတ်ဆိတ်သွားလျှင် ကောင်းမှာပဲဟု စိတ်ထဲမှ ပြောဆိုမိသည်အထိ ဖြစ်ခဲ့ကြသည်။
ألا أنبئكم: أَلا أخبركم.
အကြီးမားဆုံးပြစ်မှုမှာ ရှိရ်က် အလ္လာဟ်အရှင်မြတ်အား ဖက်စပ်ယှဉ်တွဲ ကိုးကွယ်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်သည် ရှိရ်က်အား ပြစ်မှုကြီးများ၏ အရင်းအမြစ်နှင့်၊ အကြီးဆုံးအပြစ်အကုသိုလ်အဖြစ် သတ်မှတ်ထားသည်။ ဤအချက်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကအတည်ပြုထားသည် - (ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျှင်းပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြားပြစ်မှု ဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။) ကုရ်အာန် (၄း၄၈)
မိဘနှစ်ပါးနှင့် ပတ်သက်သည့် ဝတ္တရားများသည် ကြီးကျယ်လှသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှစ်ဦး၏ တာဝန်ဝတ္တရားကို မိမိနှင့်သက်ဆိုင်သည့် တာဝန်ဝတ္တရားဖြင့် ပူးတွဲတင်ပြထားသည်။
အပြစ်အကုသိုလ်ကို ‘ကဗီရဟ်’ ပြစ်မှုကြီးများနှင့် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဟူ၍ ခွဲထားသည်။ ပြစ်ဒဏ်စီရင်ခြင်း၊ ‘လအ်နသ်’ကျိန်ဆဲခြင်းကဲ့သို့ လောက၏ပြစ်ဒဏ်ခတ်မှုများ သို့မဟုတ် ငရဲမီးသို့ ဝင်ရောက်ရမည်ဟူသော အာခိရသ်ဆိုင်ရာ သတိပေးခြိမ်းခြောက်မှုများပါသော ပြစ်မှုများသည် ‘ကဗီရဟ်’ ပြစ်မှုကြီးများဖြစ်သည်။ ပြစ်မှုကြီးများတွင် အဆင့်များရှိပြီး အချို့က အချို့ထက် ဟရာမ်ဖြစ်ရာတွင် ပိုပြင်းထန်သည်။ ပြစ်မှုကြီးများမှလွဲ၍ ကျန်အပြစ်အကုသိုလ်များသည် ‘ဆွဂီရဟ်’ ပြစ်မှုအသေးများဖြစ်ကြသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (3/ 172) (2654).
(8/ 4) (5976).
(8/ 62) (6273-6274).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 91) (87).
ထပ်၍ (6)
عمدة الأحكام من كلام خير الأنام صلى الله عليه وسلم (ص257) (380).
شرح النووي على مسلم (2/ 81).
الإلمام بشرح عمدة الأحكام لإسماعيل الأنصاري (2/ 149).
تيسير العلام شرح عمدة الأحكام للبسام (ص703).
أعلام السنة المنشورة لاعتقاد الطائفة الناجية المنصورة.
لحافظ بن أحمد الحكمي (ص111).
Cited in books
5 Booksထပ်၍ (5)
- عقيدة التوحيد(ألا أنبئكم بأكبر الكبائر) قلنا: بلى يا رسول الله، قال: (الإشراك بالله، وعقوق الوالدين...) الحديث
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلاَثًا، قَالُوا: بَلَى يَا رَسُولَ اللَّهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [23].
- قاموس الكبائر«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلاَثًا، قَالُوا: بَلَى يَا رَسُولَ اللَّهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [23].
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«أَلَا أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلَاثًا، قَالُوا: بَلَى يَا رَسُولَ اللَّهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ. وَجَلَسَ وَكَانَ مُتَّكِئًا فَقَالَ: أَلَا وَقَوْلُ الزُّورِ»، قَالَ: فَمَا زَالَ يُكَرِّرُه
- مشروع المنهج التعليميمادة التوحيد مستوى 3«أَلاَ أُنَبِّئُكُمْ بِأَكْبَرِ الكَبَائِرِ؟» ثَلاَثًا، قَالُوا: بَلَى يَا رَسُولَ اللهِ، قَالَ: «الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِِ...»