Skip to content

လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။

လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊ ညစာလည်းနေရာမရှိတော့ပါဟု ပြောကြားသည်။ အကယ်၍ ထိုသူသည် အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်လာသည့်အချိန်တွင် တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား)သင်တို့အတွက် ညအိပ်မည့်နေရာရှိပြီဖြစ်သည်ဟု ပြောကြားသည်။ အကယ်၍ ထမင်းစားသည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား တသခြင်းမရှိပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းရှိပြီး ညစာအတွက်လည်းရှိသည်ဟု ပြောကြားသည်။

«إِذَا دَخَلَ الرَّجُلُ بَيْتَهُ، فَذَكَرَ اللهَ عِنْدَ دُخُولِهِ وَعِنْدَ طَعَامِهِ، قَالَ الشَّيْطَانُ: لَا مَبِيتَ لَكُمْ، وَلَا عَشَاءَ، وَإِذَا دَخَلَ، فَلَمْ يَذْكُرِ اللهَ عِنْدَ دُخُولِهِ، قَالَ الشَّيْطَانُ: أَدْرَكْتُمُ الْمَبِيتَ، وَإِذَا لَمْ يَذْكُرِ اللهَ عِنْدَ طَعَامِهِ، قَالَ: أَدْرَكْتُمُ الْمَبِيتَ وَالْعَشَاءَ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်မြတ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အိမ်သို့ဝင်သည့်အချိန်နှင့် ထမင်းမစားမည်အလျင် အလ္လာဟ်အရှင်မြတ်အား သတိရတသရန် မိန့်ကြားတော်မူထားသည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် ‘ဗိစ်မိလ္လာဟ်’ ဟူ၍ အလ္လာဟ်အရှင်မြတ်အား သတိရတသပါက ရှိုင်သွာန်က သူ၏အဖေါ်များအား သင်တို့အတွက် ဤအိမ်၌ ညအိပ်စရာ နေရာလည်းမရှိသလို ညစာအတွက်လည်း ဝေစုမရှိတော့ပါ ဤအိမ်ရှင်သည် အလ္လာဟ်အရှင်မြတ်အား သတိရတသကာ သင်တို့ရန်မှအကာအကွယ်ယူခဲ့သည်ဟု ပြောကြားသည်။ အကယ်၍ လူတစ်ဦးသည် မိမိအိမ်သို့ဝင်ရောက်သည့်အခါ အိမ်အဝင်နှင့် အစားအစာ စားသောက်သည့်အချိန်တွင် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းမရှိပါက ရှိုင်သွာန်က သူ၏အဖေါ်များအား သင်တို့အတွက် ညအိပ်စရာနေရာလည်းရှိပြီး ညစာအတွက်လည်းနေရာရှိသည်ဟု ပြောကြားသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

အိမ်သို့ဝင်သည့်အခါ၊ ထမင်းစားသည့်အခါ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အကယ်၍ အိမ်သူအိမ်သားများက အလ္လာဟ်အရှင်မြတ်၏နာမတော်ကို သတိရတသခြင်းမပြုပါက ရှိုင်သွာန်သည်အိမ်များတွင် ညအိပ်ပြီး အိမ်သူအိမ်သားများ၏ အစားအစာကိုလည်း စားသောက်သည်။

ရှိုင်သွာန်သည် အာဒမ်၏ သားသမီး၏ လုပ်ရပ်များ၊ ဆောင်ရွက်မှုများနှင့် ၎င်း၏ကိစ္စအဝဝကို စောင့်ကြည့်နေသည်။ အကယ်၍ လူသားသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းကို လျစ်လျူရှုလျှင် ရှိုင်သွာန်သည် ထိုသူ့ထံမှ မိမိအလိုရှိသောအရာကို ရရှိသွားသည်။

'ဇိက်ရ်' အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းသည် ရှိုင်သွာန်အား နှင်ထုတ်သည်။

ရှိုင်သွာန်တိုင်းတွင် နောက်လိုက်များနှင့် အပေါင်းအဖေါ်များရှိပြီး ၎င်းတို့သည် သူ၏စကားအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူ၏အမိန့်ကိုနာခံကြသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1598) (2018).

ထပ်၍ (8)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 50).

تطريز رياض الصالحين.

لفيصل المبارك (ص467).

شرح رياض الصالحين.

لابن عثيمين (4/ 190).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 700).