Skip to content

မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။

အဗူမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။

«مَنْ قَرَأَ بِالْآيَتَيْنِ مِنْ آخِرِ سُورَةِ الْبَقَرَةِ فِي لَيْلَةٍ كَفَتَاهُ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား ဘေးအန္တရာယ်များ၊ ဆိုးကျိုးများ၊ မနှစ်မြို့ဖွယ်ရာများမှ ကင်းဝေးစေရန် လုံလောက်တော်မူမည်ဖြစ်သည်။ ဟဒီးဆ်တော်၌ပါရှိသော လုံလောက်ပြီဟူ‌သော စာသား၏ဆိုလိုရင်းကို အချို့သာသနာ့ပညာရှင်များက သဟဂျ်ဂျုဒ် ညဆွလာသ်အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က မိမိရွတ်ဖတ်လေ့ရှိသော ဇိကိရ်၊သိလာဝသ် စသည်တို့အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က သဟဂျ်ဂျုဒ် ညဆွလာသ် အထမြောက်စေရန်အတွက် အနိမ့်ဆုံး ဖတ်ရွတ်ရမည့် အတိုင်းအတာဖြစ်ကြောင်း စသည်ဖြင့် တင်ပြကြပြီး၊ အချို့ကလည်း အခြားအဆိုများကို တင်ပြကြသည်။ တင်ပြခဲ့သော အဆိုတိုင်းသည် ဟဒီးဆ်စာသား၏ အလိုသဘောတွင်ပါရှိသဖြင့် အားလုံးမှန်ကန်ပေသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

စူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်များ၏ မွန်မြတ်မှုကို တင်ပြထားသည်။ ယင်းအာယသ်တော်များမှာ (...آمن الرسول) အာယသ်မှ စူရဟ် ဗကရဟ် အဆုံးထိဖြစ်သည်။

စူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်များအား ည၌ဖတ်ရွတ်ခဲ့ပါက ထိုအာယသ်တော်များသည် ဖတ်ရွတ်သူအား ဘေးအန္တရာယ်များ၊ ဆိုးကျိုးများနှင့် ရှိုင်သွာန်များမှ ကာကွယ်ပေးမည်ဖြစ်သည်။

ညသည် နေဝင်သည့်အချိန်မှစ၍ ဖဂျရ်အလင်းရောင် ပေါ်ထွက်လာသည့်အခါ ကုန်ဆုံးသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (6/ 188) (5008-5009).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 554) (807).

ထပ်၍ (10)

فتح الباري بشرح صحيح البخاري.

لابن حجر (9/ 56).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 240).

تطريز رياض الصالحين.

لفيصل آل مبارك (ص593).

مرقاة المفاتيح شرح مشكاة المصابيح.

لملا علي القاري (4/ 1465).

نزهة المتقين شرح رياض الصالحين.

لمصطفى الخِن وغيره (2/ 757).