သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။
«إِذَا أَكَلَ أَحَدُكُمْ فَلْيَأْكُلْ بِيَمِينِهِ، وَإِذَا شَرِبَ فَلْيَشْرَبْ بِيَمِينِهِ، فَإِنَّ الشَّيْطَانَ يَأْكُلُ بِشِمَالِهِ، وَيَشْرَبُ بِشِمَالِهِ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့အား ညာလက်ဖြင့်သာ စားသောက်ရန် အမိန့်ပေးတော်မူပြီး ဘယ်လက်ဖြင့် စားသောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စားသောက်သည့်အတွက် ဖြစ်သည်။
ဘယ်လက်ဖြင့် စားသောက်၍ ရှိုင်သွာန်မိစ္ဆာနှင့် တူအောင်ပြုလုပ်ခြင်းကို တားမြစ်ထားသည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1598) (2020).
ထပ်၍ (8)
توضيح الأحكام مِن بلوغ المرام.
للبسام (5/ 445).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (6/ 270).
سبل السلام شرح بلوغ المرام.
للصنعاني (2/ 625).
عون المعبود شرح سنن أبي داود (10/ 179).
فتاوى اللجنة الدائمة - المجموعة الأولى- (26/ 387).