Skip to content

အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။

စမုရဟ်ဗင်န် ဂျွန်ဒဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။

«أَحَبُّ الْكَلَامِ إِلَى اللهِ أَرْبَعٌ: سُبْحَانَ اللهِ، وَالْحَمْدُ لِلهِ، وَلَا إِلَهَ إِلَّا اللهُ، وَاللهُ أَكْبَرُ، لَا يَضُرُّكَ بِأَيِّهِنَّ بَدَأْتَ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကရှင်းလင်း မိန့်ကြားတော်မူခဲ့သည်။ ‌‌၎င်းတို့မှာ (၁) “စွဗ်ဟာနလ္လာဟ်” အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသည်။ (၂) “အလ်ဟမ်ဒုလိလ္လာဟ်”ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွအရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။ (၃) “လာအိလာဟ အိလ္လလ္လာဟ်” အလ္လာအရှင်မြတ်မှအပ စစ်မှန်သည့် ခဝပ်ကိုးကွယ်ရာအရှင်မရှိ။ (၄) “အလ္လာဟု အက္ကဗရ်” အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းထက် အကြီးကျယ်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး ဖြစ်တော်မူသည်။ ဤဇိက်ရ်တော်၏ မွန်မြတ်မှုနှင့် အကျိုးကုသိုလ် ရရှိရန်အတွက် ဖတ်ရွတ်သည့်အခါ အစဉ်လိုက်ဖတ်ရန် အရေးမကြီးပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

“၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။” ဟုမိန့်ကြားထားသည့်အတွက် ရရှီအသ် တရားလမ်းစဉ်၏လွယ်ကူမှုကို ဖော်ပြထားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (3/ 1685) (2137).

(4/ 2093) (2731).

(4/ 2072) (2695).

ထပ်၍ (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 540).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 411).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 477).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 706).