အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
သွာရိက် ဗင်န် အရှီးမ် အလ်အရှ်ဂျအီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
«مَنْ قَالَ: لَا إِلَهَ إِلَّا اللهُ، وَكَفَرَ بِمَا يُعْبَدُ مِنْ دُونِ اللهِ حَرُمَ مَالُهُ وَدَمُهُ، وَحِسَابُهُ عَلَى اللهِ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ကလိမာတော် “လာအိလာဟ အိလ္လလ္လာဟ်” (အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သူမရှိ)အား နှုတ်ဖြင့်ရွတ်ဆို သက်သေခံမည်။ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်မည်။ အစ္စလာမ်သာသနာတော်မှအပ အခြားသာသနာများအားလုံးမှ ကင်းရှင်းမည်ဆိုပါက သူ၏ ပစ္စည်းဥစ္စာ၊ အသက်သွေးတို့သည် အခြားမွတ်စ်လင်မ်များအပေါ်တွင် ဟရာမ်ဖြစ်သွားပြီဖြစ်သည်။ ပေါ်လွင်ထင်ရှားသော သူ၏လုပ်ရပ်သည်သာ ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့် ရာဇဝတ်မှုနှင့် ပြစ်ကျူးလွန်မှုတို့ကြောင့် အစ္စလာမ့် အမိန့်ပညတ်ချက်များအရ အရေးယူအပြစ်ပေးသည့် ကိစ္စမျိုးမှလွဲ၍ သူ၏ဥစ္စာပစ္စည်းကို သိမ်းပိုက်ခြင်း၊ သွေးထွက်သံယိုပြုခြင်းတို့ ပြုခွင့်မရှိတော့ပေ။ ကိယာမသ်နေ့၌ ၎င်းအား စာရင်းစစ်ဆေးခြင်းကို အလ္လာဟ်အရှင်မြတ်က တာဝန်ယူထားပြီးဖြစ်သည်။ အကယ်၍ ၎င်းသည် မှန်ကန်သူဖြစ်ပါက အရှင်မြတ်က အကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်ပြီး မုနာဖိက် အရေခြုံမွတ်စ်လင်မ်ဖြစ်ပါက အရှင်မြတ်က ပြစ်ဒဏ်ပေးမည်ဖြစ်သည်။
...:
‘လာအိလာဟ အိလ္လလ္လာဟ်’ ရွတ်ဆိုခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာတိုင်းကို ငြင်းပယ်ခြင်းသည် အစ္စလာမ်သာသနာသို့ ဝင်ရောက်ရန်အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်ဖြစ်သည်။
‘လာအိလာဟ အိလ္လလ္လာဟ်’၏ အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံနေရသော အရာများဖြစ်သည့် ရုပ်တုများ၊ သင်္ချိုင်းများနှင့် အခြားအရာများကို ငြင်းပယ်ခြင်း၊ ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။
အကြင်သူသည် သောင်ဟီးဒ်ကိုလက်ခံပြီး ရှရီအသ်အမိန့်ပညတ်ချက်များကို ပေါ်လွင်ထင်ရှားစွာ လိုက်နာကျင်းသုံးနေပါက ယင်းနှင့်ဆန်ကျင်ဘက် အရာတစ်ခုခု သူ့ထံမှ မပေါ်လွင်လာသေးသမျှ ၎င်းအား ထိခိုက်နစ်နာအောင်ပြုခွင့်မရှိပေ။
တရားတော်က သတ်မှတ်ထားသည့် ခိုင်လုံသော သက်သေ အထောက်အထားမရှိဘဲ မွတ်စ်လင်မ်တစ်ဦး၏ အသက်၊ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာတို့အား ထိခိုက်နစ်နာအောင် ပြုလုပ်ခွင့်မရှိပါ။
လောကီ၏ တရားစီရင်ရေးသည် ထင်သာမြင်သာရှိသော အပြင်ပိုင်းကိုသာ အခြေခံသော်လည်း နောင်တမလွန်ဘဝ၌မူ ရည်စူးချက်များနှင့် ရည်ရွယ်ချက်များပေါ်မူတည်၍ တရားစီရင်မည်ဖြစ်သည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 53) (23).
ထပ်၍ (4)
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص68).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص77).
Cited in books
3 Booksထပ်၍ (3)
- التوحيد في ضوء عقيدة الإمام الشافعي رحمه الله ونصوصه ومروياته"من قال: لا إله إلا الله، وكفر بما يعبد من دون الله حرم ماله ودمه، وحسابه على الله ".([12])
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«مَن قال لا إلهَ إلَّا الله، وكَفَرَ بِمَا يُعْـبَـدُ مِنْ دُونِ الله، حَرُمَ مَالُهُ وَدَمُهُ، وَحِسَابُهُ عَلىٰ الله تعالىٰ».
- مشروع المنهج التعليميمادة التوحيد مستوى 1«مَنْ قَالَ: لَا إِلَهَ إِلَّا اللهُ، وَكَفَرَ بِمَا يُعْبَدُ مَنْ دُونِ اللهِ؛ حَرُمَ مَالُهُ، وَدَمُهُ»