-အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။
အိဗ်နုမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးတို့ အမိုက်ခေတ်တွင် ကျူးလွန်ခဲ့သော အပြစ်များနှင့်ပတ်သက်၍ အရေးယူခြင်းခံရမည်လောဟု မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော်က အမိန့်ရှိသည်မှာ -အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။
قَالَ رَجُلٌ: يَا رَسُولَ اللهِ، أَنُؤَاخَذُ بِمَا عَمِلْنَا فِي الْجَاهِلِيَّةِ؟ قَالَ: «مَنْ أَحْسَنَ فِي الْإِسْلَامِ لَمْ يُؤَاخَذْ بِمَا عَمِلَ فِي الْجَاهِلِيَّةِ، وَمَنْ أَسَاءَ فِي الْإِسْلَامِ أُخِذَ بِالْأَوَّلِ وَالْآخِرِ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာတော်အတွင်းသို့ဝင်ရောက်ခြင်း၏ မွန်မြတ်မှုကို ရှင်းပြတော်မူသည်။ မည်သူမဆို အစ္စလာမ်သာသနာတော်ကိုသက်ဝင်ယုံကြည်၍ ကောင်းမွန်စွာ လိုက်နာကျင့်သုံးမည်။ ၎င်းသည် ‘အိခ်လာဆွ်’နှင့်တကွ မှန်ကန်စွာလက်ခံကျင့်သုံးသူဖြစ်ပါက အမိုက်ခေတ်တွင် ထိုသူပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီးနောက်မကောင်းမှုကျူးလွန်ခဲ့လျှင် ဥပမာ- မုနာဖိက် အရေခြုံမွတ်စ်လင်မ်ဖြစ်ခဲ့လျှင် သို့မဟုတ် အစ္စလာမ်ကို ပြန်လည် စွန့်လွှတ်ခဲ့လျှင် ထိုသူအစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့အတွက် အရေးယူခြင်းခံရမည်ဖြစ်သည်။
...:
ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟုမ်)တို့သည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သော မကောင်းမှုများနှင့်ပတ်သက်၍ အလွန်စိုးရိမ်စိတ်ရှိကြသည်။
အစ္စလာမ်သာသနာပေါ်တွင် စွဲမြဲစွာရပ်တည်ရန် တိုက်တွန်းထားသည်။
အစ္စလာမ်သာသနာကို လက်ခံခြင်း၏ မွန်မြတ်ကိုဖော်ပြထားသည်။ အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။
အစ္စလာမ်ကို လက်ခံပြီးနောက် ဘာသာပျက်သွားသူနှင့် မုနာဖိက် အရေခြုံမွတ်စ်လင်မ်တို့သည် အစ္စလာမ်လက်မခံမီနှင့် လက်ခံပြီးနောက် ကျူးလွန်ခဲ့သည့် အပြစ်များအတွက် အရေးယူခြင်းခံရမည်။
ဆွဟီးဟ် ဗုခါရီကျမ်း (9/ 14) (6921).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 111) (120).
ထပ်၍ (3)
مشارق الأنوار على صحاح الآثار (2/229).
الكواكب الدراري (24/43).
عمدة القاري شرح صحيح البخاري (24/ 76).
Cited in books
2 Booksထပ်၍ (2)
- الأسئلة المختارة من قاموس الأسئلة الشائعة حول الإسلامقسم الإسلام«مَن أحسن في الإسلام لم يؤاخذ بما عمل في الجاهلية، ومن أساء في الإسلام أُخِذَ بالأول والآخِر»
- موسوعة الأسئلة (المجموعة الأولى)«مَنْ أَحْسَنَ فِي الإِسْلَامِ لَمْ يُؤَاخَذْ بِمَا عَمِلَ فِي الْجَاهِلِيَّةِ، وَمَنْ أَسَاءَ فِي الإِسْلَامِ أُخِذَ بِالأَوَّلِ وَالآخِرِ»