Skip to content

မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။

အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။

«من اقتبَسَ علْمًا مِنَ النُّجُومِ اقْتبَسَ شُعبَة مِن السِّحرِ، زادَ ما زادَ».

အဗူဒါဝူဒ်ကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

ဟဒီးဆ်တော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် နက္ခတ်ဗေဒ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်ကို သင်ယူဆည်းပူးခဲ့ပြီး မည်သူသည် သေဆုံးမည်၊ မည်သူသည် အသက်ရှင်မည်၊ မည်သူသည် နာမကျန်းဖြစ်မည် စသည်ဖြင့် မြေပထဝီ၌ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို ကြယ်တာရာများနှင့် ဂြိုလ်များ၏ လှုပ်ရှားသွားလာခြင်း၊ ဝင်ခြင်း၊ ထွက်ခြင်းတို့ဖြင့် ကောက်ချက်ချခြင်းသည် ဂျာဒူပယောဂပညာ၏ ပညာရပ်အချို့ကို သင်ယူလိုက်ခြင်းပင်ဖြစ်သည်။ လူသားတွင် ထိုပညာရပ်တိုးလာသည့်နှင့်အမျှ ဂျာဒူပယောဂအတတ်လည်း တိုးလာမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

من اقتبسَ: من تعلّم.

شعبة: طائفة وقطعة.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ကြယ်တာရာတို့၏ အခြေအနေများ‌ပေါ်မူတည်၍ အနာဂတ် ကိစ္စရပ်များကို ဟောကြားသည့် နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်ကို သင်ယူခြင်း ဟရာမ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းပညာရပ်သည် အကွယ်ကိုသိကြောင်း ကြွေးကြော်ခြင်းပင်ဖြစ်သည်။

ဟရာမ် တားမြစ်‌ထား‌သော နက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်သည် သောင်ဝ်ဟီးဒ်နှင့်ဆန့်ကျင်သည့် ဂျာဒူပယောဂ အမျိုးအစားများထဲတွင်ပါဝင်သည်။ သို့သော် အရပ်မျက်နှာများ၊ ဆွလာသ်တွင် မျက်နှာမူရမည့် ကိဗ်လဟ်ဘက်၊ ရာသီအချိန်အခါများ၊ လများဝင်ရောက်ခြင်းကို သိရှိရန်အတွက် ကြယ်တာရာများကို ကြည့်ရှုခွင့်ရှိသည်။

အကြင်သူသည် ထိုနက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်ကို တိုး၍သင်ယူသည်နှင့်အမျှ ဂျာဒူပယောဂအတတ်ကို တိုး၍သင်ယူလာခြင်းပင် ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ကြယ်တာရာများနှင့် ပတ်သက်သည့် အကျိုး(၃)ခုကို ကျမ်းမြတ်ကုရ်အာန်၌ ဖော်ပြထားပေသည်။ ၎င်းတို့မှာ- (၁) မိုးကောင်းကင်၏ အလှတန်ဆာဖြစ်ခြင်း။ (၂) လမ်းများကို ရှာတွေ့ကြရန် အမှတ်သညာဖြစ်ခြင်း။ (၃) ရှိုင်သွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာဖြစ်ခြင်း။

ပြန်လည်စစ်ဆေးသူ

စုနန်အဗူဒါဝူဒ်ကျမ်း (6/ 50) (3905).

စုနန်အိဗ်နုမာဂျဟ်ကျမ်း (4/ 670) (3726).

မွတ်စ်နဒ် အဟ်မဒ်ကျမ်း (3/ 454) (2000).

ထပ်၍ (4)

الجديد في شرح كتاب التوحيد.

للقرعاوي (ص230).

الملخص في شرح كتاب التوحيد.

للفوزان (ص206).