Skip to content

မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။

အဗူအိုင်ယူဗ် အန်ဆွာရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။

«لَا يَحِلُّ لِرَجُلٍ أَنْ يَهْجُرَ أَخَاهُ فَوْقَ ثَلَاثِ لَيَالٍ، يَلْتَقِيَانِ، فَيُعْرِضُ هَذَا وَيُعْرِضُ هَذَا، وَخَيْرُهُمَا الَّذِي يَبْدَأُ بِالسَّلَامِ».

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်မွတ်စ်လင်မ်တစ်ဦးအား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲနေခြင်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က တားမြစ်တော်မူခဲ့သည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့သည့်အခါ စလာမ်ပေးခြင်း၊ စကားပြောခြင်းမပြုကြပေ။ ထိုသို့ စကားများထားသူနှစ်ဦးအနက် အကောင်းဆုံးသူမှာ စကားပြန်ပြောရန်ကြိုးစားသူ စလာမ် စပေးသူပင်ဖြစ်သည်။ ဤနေရာတွင် မခေါ်မပြောဘဲနေခြင်းဟူသည် မိမိအကျိုးအတွက်ကြောင့် မခေါ်မပြောဘဲနေခြင်းကို ဆိုလိုသည်။ သို့သော် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်သည့် တာဝန်ဝတ္တရားကြောင့် မခေါ်မပြောဘဲနေခြင်း ဥပမာ - အပြစ်ကျူးလွန်သူ၊ တရားသစ်တီထွင်သူ၊ မကောင်းသည့်အပေါင်းအဖော်များ စသည့်သူများကို အဆက်အသွယ်ဖြတ်ခြင်းမျိုးတွင် အချိန်ကန့်သတ်ချက်မရှိပေ။ ဤသည် ထိုသို့ မခေါ်မပြောဘဲနေရသည့် အကြောင်းအရင်းဖြင့်သာ သက်ဆိုင်ပြီး ထိုအချက် မရှိတော့မှသာ ၎င်း၏အချိန်သည်လည်း ကုန်ဆုံးမည်ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

သုံးရက် သို့မဟုတ် ထို့ထက်နည်း၍ မခေါ်မပြောဘဲနေခြင်းကို ခွင့်ပြုထားခြင်းသည် လူ့သဘာဝကို ထည့်သွင်းစဉ်းစားထားသည့်အတွက် ဖြစ်သည်။ ဒေါသစိတ်များ ပျောက်သွားစေရန် သုံးရက်ထိ မခေါ်မပြောဘဲနေခြင်းကို ခွင့်ပြုထားသည်။

အစ္စလာမ်သာသနာ၏ မွန်မြတ်မှုကို တင်ပြထားသည်။ အစ္စလာမ်သည် စိတ်နှလုံးသားများ၌ရှိသော ဒေါသ၊ အာဃာတများကို ဖယ်ရှားပေးသည်။ အစ္စလာမ်သည် ချစ်ခင်မှု၏ သင်္ကေတ ဖြစ်သည်။

အစ္စလာမ်သည် မွတ်စလင်မ်များအကြား ချစ်ခင်ရင်းနှီးမှုနှင့် ညီနောင်စိတ်ဓာတ်ရှိရန် လိုလားသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (8/ 21) (6077).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1984) (2560).

ထပ်၍ (6)

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 111).

فتح ذي الجلال والإكرام بشرح بلوغ المرام.

لابن عثيمين (6/ 293).

توضيح الأحكام من بلوغ المرام.

للبسام (7/ 339).