Skip to content

အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။

အဗူမရ်ဆဒ် အလ်ဂနဝီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။

အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။

«لَا تَجْلِسُوا عَلَى الْقُبُورِ، وَلَا تُصَلُّوا إِلَيْهَا».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကဗရ်သင်္ချိုင်းများပေါ်ထိုင်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထို့အတူ ကဗရ်သင်္ချိုင်းဘက်သို့ လှည့်၍ ဆွလာသ် ဆောက်တည်ခြင်းကိုလည်း တားမြစ်တော်မူသည်။ ထိုသို့ဆောက်တည်ခြင်းဖြင့် ကဗရ်သည် ဆွလာသ်ဆောက်တည်သူ၏ ရှေ့တွင်ရှိ‌နေသောကြောင့် ဤသည် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျ‌ရောက်စေမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

စွန္နသ်တော်တွင် အတည်ပြုထားသော ဂျနာဇဟ်ဆွလာသ်မှအပ သင်္ချိုင်းများ၌လည်းကောင်း၊ သင်္ချိုင်းများကြား၌လည်းကောင်း၊ သင်္ချိုင်းများဘက်သို့လှည့်၍လည်းကောင်း ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်ထားသည်။

‘ရှိရ်က်’ ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ရောက်ရှိစေမည့် အကြောင်းခံများအားလုံးကို ပိတ်ပင်သည့်အနေဖြင့် ကဗရ်သင်္ချိုင်းဘက်သို့ လှည့်၍ ဆွလာသ် ဆောက်တည်ခြင်းကို တားမြစ်ထားသည်။

အစ္စလာမ်သာသနာတော်သည် ကဗရ်များကို အတိုင်းထက်အလွန် ဂုဏ်ပေးခြင်းနှင့် သေးသိမ်အောင်ပြုခြင်း နှစ်မျိုးစလုံးကို တားမြစ်ထားသည်။ အတိုင်း ထက်အလွန်ဖြစ်ခြင်းနှင့် လျစ်လျှူပြု အလေးမထားခြင်းတို့ မရှိစေရ။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားချက်ဖြစ်သည့် “သေသူ၏အရိုးကို ချိုးခြင်းသည် အသက်ရှင်နေစဉ် အရိုးကိုချိုးသကဲ့သို့ပင်ဖြစ်သည်။” ဟူသည့် ဩဝါဒတော်ကြောင့် မွတ်စ်လင်မ်တစ်ဦး၏ ဂုဏ်သိက္ခာသည် ၎င်းသူ ကွယ်လွန်ပြီးနောက်တွင်လည်း ကျန်ရှိနေသည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (2/ 668) (972).

ထပ်၍ (6)

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 30).

فتح ذي الجلال والإكرام شرح بلوغ المرام.

لمحمد العثيمين (1/ 522).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (4/ 285).