Skip to content

အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့

အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။

قَالَ النَّبِيُّ صلى الله عليه وسلم كَلِمَةً وَقُلْتُ أُخْرَى، قَالَ النَّبِيُّ صلى الله عليه وسلم: «مَنْ مَاتَ وَهُوَ يَدْعُو مِنْ دُونِ اللهِ نِدًّا دَخَلَ النَّارَ» وَقُلْتُ أَنَا: مَنْ مَاتَ وَهُوَ لَا يَدْعُو لِلهِ نِدًّا دَخَلَ الْجَنَّةَ.

ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ဖြစ်သည့်အရာကို အခြားသူအတွက် သုံးစွဲမည်။ ဥပမာ- အလ္လာဟ်အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ထံ ဒုအာဆုတောင်းမည်။ အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ထံ၌ ဒုက္ခများမှ ကယ်တင်ရန် အကူအညီတောင်းမည်။ ၎င်းနောက် ထိုအခြေအနေပေါ်၌ပင် သေဆုံးသွားပါက ထိုသူသည် ဂျဟန္နမ်ငရဲဘုံသားများအနက်မှပင်ဖြစ်သည်။ ထို့နောက် အစ်ဗ်နု မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ထပ်လောင်း ပြောကြားသည်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့ပါက ၎င်း၏ပြန်လှည့်ရာ နေရာဌာနမှာ ဂျန္နသ်သုခဘုံပင် ဖြစ်သည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

يدعو: يشمل نوعي الدعاء وهما: دعاء العبادة ودعاء المسألة.

ندًّا: الند: هو الشبيه والنظير في الألوهية أو الربوبية أو الأسماء والصفات.

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဒုအာဆုတောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ပြုလုပ်ရမည့် (အိဗာဒသ်) ခဝပ်ကိုးကွယ်မှုဖြစ်သည်။

သောင်ဟီးဒ်တရားတော်၏ မွန်မြတ်မှုကို ဖော်ပြထားသည်။ မည်သူမဆို သောင်ဟီးဒ်အပါ်၌ သေဆုံးခဲ့ပါက သူ၏အပြစ်အချို့ကြောင့် အပြစ်ပေးခံရလျှင်လည်း ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။

‘ရှိရ်က်’ ဖက်စပ် ယှဉ်တွဲကိုးကွယ်ခြင်း၏ ဆိုးကျိုးကို ဖော်ပြထားသည်။ မည်သူမဆို ရှိရ်က်အပေါ်၌ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် ဗုခါရီကျမ်း (6/ 23) (4497).

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 94) (92).

ထပ်၍ (10)

فتح المجيد شرح كتاب التوحيد.

لعبد الرحمن التميمي (ص76).

القول المفيد على كتاب التوحيد.

لابن عثيمين (1/ 120).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص47).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص59).

التمهيد لشرح كتاب التوحيد.

لصالح آل الشيخ (ص42).