မည်သူမဆို “سُبْحَانَ اللّٰهِ وَبِحَمْدِهِ” ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်ပမာများပြားခဲ့လျှင်လည်း ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို “سُبْحَانَ اللّٰهِ وَبِحَمْدِهِ” ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် ပင်လယ်ရေမြှုပ်ပမာများပြားခဲ့လျှင်လည်း ပယ်ဖျက်ခြင်းခံရမည်ဖြစ်သည်။
«مَنْ قَالَ: سُبْحَانَ اللهِ وَبِحَمْدِهِ، فِي يَوْمٍ مِائَةَ مَرَّةٍ، حُطَّتْ خَطَايَاهُ وَإِنْ كَانَتْ مِثْلَ زَبَدِ الْبَحْرِ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို “سُبْحَانَ اللّٰهِ وَبِحَمْدِهِ” ကို တစ်ရက်လျှင် အကြိမ်တစ်ရာ ရွတ်ဆိုမည်ဆိုပါက ထိုသူ၏ အပြစ်အကုသိုလ်များသည် လှိုင်းတံပိုးများ ပြင်းထန်စွာ ရိုက်ခတ်သည့်အခါ ပင်လယ်ရေပြင်ပါ်တွင် တက်လာသော အဖြူရောင်ရေမြှုပ်များပမာ များပြားနေလျှင်လည်း အပြစ်များကိုပယ်ဖျက်ကာ ခွင့်လွှတ်ချမ်းသာပေးခြင်း ခံရမည်ဖြစ်သည်။
ဤဇိက်ရ်တော်ကို တစ်ရက်လျှင် (အကြိမ်တစ်ရာ) တဆက်တည်း ရွတ်ဆိုသည်ဖြစ်စေ၊ ခွဲ၍ရွတ်ဆိုသည်ဖြစ်စေ ထိုအကျိုးကုသိုလ်ကိုရရှိမည်ဖြစ်သည်။
“သတ်စ်ဗီးဟ်”ဟူသည် အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှကင်းစင်တော်မူကြောင်း မြွက်ဆိုခြင်းဖြစ်သည်။ “ဟမ်ဒ်” ဟူသည် ချစ်ခင်မှု ဂုဏ်ပေးလေးစားမှုနှင့်တကွအရှင်မြတ်၏ ပြည့်စုံလှသော ဂုဏ်တော်များဖြင့် အရှင်မြတ်အား ဂုဏ်ပေးချီးမွမ်းခြင်းဖြစ်သည်။
ဟဒီးဆ်တော်၌လာရှိသော အပြစ်အကုသိုလ်များကို ပယ်ဖျက်ခြင်းဟူသည် ‘ဆွဂီရဟ်’ သေးငယ်သော အပြစ်အကုသိုလ်များကိုဆိုလိုသည်။ ‘ကဗီရဟ်’ ကြီးလေးသော အပြစ်အကုသိုလ်များအတွက်မူ သောင်ဗဟ် အမှားဝန်ချတောင်းပန်ရန် လိုအပ်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (8/ 86) (6405).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 2071) (2691).
ထပ်၍ (8)
توضيح الأحكام من بلوغ المرام.
للبسام (7/ 535).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 401).
فتح ذي الجلال والإكرام.
لابن عثيمين (6/ 470).
سبل السلام بشرح بلوغ المرام.
للصنعاني (2/ 704).