Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

28 of 253 cards

Clear filters
မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အဟ်မဒ်ကျမ်း
မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ အဟ်မဒ်ကျမ်း
အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
ဧကန်အမှန်ပင်(ဒုအာ) ဆုတောင်းခြင်းသည် အိဗာဒသ် ခဝပ်ကိုးကွယ်မှုပင်ဖြစ်သည်။ ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ “ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် ဆုတောင်း ပတ္ထနာပြုကြလေကုန်။ ငါအရှင်မြတ်သည် အသင်တို့၏ ဆုတောင်းပတ္ထနာပြုချက်ကို လက်ခံတော်မူမည်။ ဧကန်စင်စစ် ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းမှ မောက်မာကြကုန်သောသူတို့မှာမူကား မကြာမြင့်မီပင် ဂုဏ်အသရေယုတ်ညံ့စွာနှင့် ‘ဂျဟန္နမ်’ငရဲဘုံသို့ ဝင်ရောက်ကြကုန်အံ့သတည်း။” ကုရ်အာန် (၄၀:၆၀)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း