လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်;ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
«مَنْ لَا يَرْحَمِ النَّاسَ لَا يَرْحَمْهُ اللهُ عَزَّ وَجَلَّ».
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ကရှင်းလင်း မိန့်ကြားတော်မူသည်မှာ လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။ အဖန်ဆင်းခံများအပေါ် ဗန္ဓာကျေးကျွန်၏ သနားကြင်နာမှုသည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ် ကရုဏာတော်ကို ရရှိရန်အတွက် အကြီးဆုံးအကြောင်းခံတစ်ခုဖြစ်သည်။
အဖန်ဆင်းခံအားလုံးအပေါ် သနားကြင်နာမှုထားရှိရန် လိုအပ်သည်။ ဟဒီးဆ်တော်၌ လူသားကို သီးသန့်တင်ပြထားခြင်းသည် အလေးအနက်ထားသည့် သဘောမျိုးသာဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူပြီး သနားကြင်နာစိတ်ရှိသော မိမိ၏ကျေးကျွန်များကို သနားကြင်နာတော်မူသည်။ လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရရှိခြင်းဖြစ်သည်။
လူတို့အပါ် သနားကြင်နာခြင်းဆိုသည်မှာ ၎င်းတို့အတွက် ကောင်းခြင်းများ ဆောင်ကြဉ်းပေးခြင်း၊ ဆိုးကျိုးများ ဖယ်ရှားပေးခြင်း၊ ကောင်းမွန်စွာ ဆက်ဆံခြင်းတို့ဖြစ်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (8/ 10) (6013).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (4/ 1809) (2319).
ထပ်၍ (5)
شرح رياض الصالحين.
لابن عثيمين (2/ 553).
نزهة المتقين شرح رياض الصالحين (1/ 247).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 319).