အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့သည် အာယသ်တော်တစ်ခုမျှပင်ဖြစ်စေ ငါကိုယ်တော်ထံမှ ကြားသိခဲ့ရသည်တို့ကို ပို့ချကြပါ။ အစ္စရာအီလ်မျိုးနွယ်ထံမှ ကြားသိရသည်တို့ကိုလည်း ဆင့်ပြန်ပြောကြလေကုန် (ထိုသို့ပြောကြားခြင်းသည်) အပြစ်တစ်စုံတစ်ရာမရှိပေ။ ထို့ပြင် အကြင်သူသည် ငါကိုယ်တော့်အပေါ် သိလျက်နှင့်တမင်လိမ်လည်ပြောဆိုခဲ့လျှင် သူသည် မိမိနေထိုင်ရမည့်နေရာအား ငရဲမီးတွင် သတ်မှတ်လိုက်ပါ။
«بَلِّغُوا عَنِّي وَلَوْ آيَةً، وَحَدِّثُوا عَنْ بَنِي إِسْرَائِيلَ وَلَا حَرَجَ، وَمَنْ كَذَبَ عَلَيَّ مُتَعَمِّدًا فَلْيَتَبَوَّأْ مَقْعَدَهُ مِنَ النَّارِ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိထံမှသိခဲ့ရသော ကုန်အာန်ကျမ်းမြတ်နှင့် ဟဒီးဆ်တော်များကို ပြန်လည်ပို့ချရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ ပြန်လည်ပို့ချမည့်အရာသည် ကုရ်အာန်တစ်အာယသ်မျှလောက် သို့မဟုတ် ဟဒီးဆ်တော် တစ်ပုဒ်မျှလောက် အနည်းငယ်ပင်ဖြစ်စေ ပို့ချသူသည် ၎င်းအား ခိုင်မာတိကျစွာ သိနားလည်ရမည်ဟူသည့် စည်းကမ်းချက်နှင့်အညီ ပို့ချရမည်ဖြစ်သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်တို့၏ ရှရီအသ်တရားတော်နှင့် မဆန့်ကျင်သည့် ဗနီအစ္စရာအီလ်တို့တွင် ဖြစ်ခဲ့သော မှန်ကန်သည့် ဖြစ်ရပ်များကို တဆင့်ပြန်ပြောကြားခွင့်ရှိကြောင်း ပြောကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်က မိမိနှင့်ပတ်သက်၍ လိမ်လည်ပြောဆိုခြင်းအား သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ကိုယ်တော်မြတ်နှင့်ပတ်သက်၍ သိလျက်နှင့် တမင်လိမ်လည်ပြောဆိုခဲ့လျှင် ၎င်းသည် မိမိနေထိုင်ရာနေရာဌာနအား ငရဲမီးတွင် သတ်မှတ်လိုက်ရမည်ဖြစ်သည်။
لا حرج: لا إثم ولا ذنب.
بنو اسرائيل: هم بنو يعقوب بن إسحاق بن إبراهيم، فإسرائيل لقب ليعقوب. والمراد أتباع دينهم من اليهود والنصارى.
အလ္လာဟ်အရှင်မြတ်၏ (ရှရီအဟ်) တရားတော်အား ပို့ချရန် တိုက်တွန်းထားသည်။ လူတစ်ဦးသည် အနည်းငယ်မျှပင်ဖြစ်စေ မိမိကျက်မှတ် နားလည်သဘောပေါက်ထားသည့်အရာအား ပို့ချရမည်။
အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ရန်နှင့် အလ္လာဟ်အရှင်မြတ်၏ ရှရီအဟ်တရားတော်ကို အမှန်အတိုင်းပို့ချနိုင်ရန်အတွက် ရှရီအဟ်တရားတော်ကို သင်ယူဆည်းပူးရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော သတိပေးတားမြစ်ချက်သို့ မကျရောက်စေရန် မည်သည့်ဟဒီးဆ်တော်ကိုမဆို မပို့ချမီ၊ မဖြန့်ချိမီအလျင် မှန်ကန်မှုရှိမရှိ စစ်ဆေးရန် အရေးကြီးသည်။
စကားပြောရာတွင် လိမ်လည်မှု၌ မကျရောက်စေရန်အတွက် ဆင်ခြင်ရန်နှင့် မှန်ကန်စွာပြောဆိုရန် တိုက်တွန်းထားသည်။ အထူးသဖြင့် အနန္တတန်ခိုးတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တရားဥပဒေပြဌာန်းချက်နှင့်ပတ်သက်၍ မှန်ကန်စွာပြောဆိုရမည်။
ဆွဟီးဟ် ဗုခါရီကျမ်း (4/ 170) (3461).
ထပ်၍ (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 464).
نزهة المتقين.
لمصطفى الخن وغيره (2/ 951).
شرح رياض الصالحين.
لابن عثيمين (5/ 429).