Skip to content

အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။

အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ၏ မိသားစုထံပြန်ရောက်သောအခါ ဝဖြိုးပြီးဇီးရှိသော ကုလားအုတ်မသုံးကောင်တွေ့ရှိခြင်းအား နှစ်သက်ပါသလားဟု မေးမြန်းတော်မူသည်။ ကျွန်တော်တို့က ဟုတ်ကဲ့ နှစ်သက်ပါသည်ဟုဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်မှာ- သင်တို့အနက်တစ်ဦးတစ်ယောက်သည် မိမိ၏ဆွလာသ်အတွင်း၌ အာယာသ်တော်သုံးပိုဒ် ဖတ်မည်ဆိုပါက ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မသုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။

«أَيُحِبُّ أَحَدُكُمْ إِذَا رَجَعَ إِلَى أَهْلِهِ أَنْ يَجِدَ فِيهِ ثَلَاثَ خَلِفَاتٍ عِظَامٍ سِمَانٍ؟» قُلْنَا: نَعَمْ. قَالَ: «فَثَلَاثُ آيَاتٍ يَقْرَأُ بِهِنَّ أَحَدُكُمْ فِي صَلَاتِهِ خَيْرٌ لَهُ مِنْ ثَلَاثِ خَلِفَاتٍ عِظَامٍ سِمَانٍ».

မွတ်စ်လင်မ်ကျမ်း
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ- ဆွလာသ်အတွင်း၌အာယသ်တော်သုံးပိုဒ် ဖတ်ခြင်း၏အကျိုးကုသိုလ်သည် လူတစ်ဦး မိမိ၏အိမ်တွင် ဝဖြိုး၍ဇီးရှိသော ကုလားအုတ်မ သုံးကောင်ရရှိခြင်းထက် ပို၍ကောင်းမြတ်ပေသည်။

စကားလုံးများ၏ အဓိပ္ပါယ်များ

...:

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

ဆွလာသ်အတွင်း ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း၏ထွတ်မြတ်မှုကို တင်ပြထားသည်။

ကောင်းမြတ်သည့်အကျင့်သီလများသည် ‌ပျက်စီးသွားမည့် လောကီဥစ္စာပစ္စည်းများထက် ပို၍ ကောင်းမြတ်ပြီး အမြဲကျန်ရှိနေမည့်အရာဖြစ်သည်။

ဤထွတ်မြတ်မှုသည် အာယာသ်တော်သုံးပိုဒ်ဖတ်ရွတ်ခြင်းဖြင့်သာ သီးသန့်ကန့်သတ်ထားခြင်းမဟုတ်ပါ။ ဆွလာသ်ဆောက်တည်သူသည် မိမိ၏ဆွလာသ်အတွင်း အာယသ်တော်များ ပိုဖတ်လေလေ ထိုသူ၏ အကျိုးကုလိုလ်သည်လည်း ၎င်းဖတ်ရွတ်လိုက်သည့် အာယသ်အရေအတွက်နှင့်အညီ ကုလားအုတ်မများ ရရှိခြင်းထက် ပို၍သာမြတ်မည်ဖြစ်သည်။

ပြန်လည်စစ်ဆေးသူ

ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 552) (802).

ထပ်၍ (4)

إكمال المعلم (3/172).

الإفصاح عن معاني الصِّحاح (8/65).

فتح المنعم شرح صحيح مسلم (3/620).

البحر المحيط الثجاج (16/343).