မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းက ဆက်လက်ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထပ်မံမေးမြန်းလျှင် ကိုယ်တော်သည် ထပ်မံ၍ ဖြေကြားမည်ပင်ဖြစ်သည်။
سَأَلْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: أَيُّ العَمَلِ أَحَبُّ إِلَى اللَّهِ؟ قَالَ: «الصَّلاَةُ عَلَى وَقْتِهَا»، قَالَ: ثُمَّ أَيٌّ؟ قَالَ: «ثُمَّ بِرُّ الوَالِدَيْنِ» قَالَ: ثُمَّ أَيٌّ؟ قَالَ: «الجِهَادُ فِي سَبِيلِ اللَّهِ» قَالَ: حَدَّثَنِي بِهِنَّ، وَلَوِ اسْتَزَدْتُهُ لَزَادَنِي.
မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ်အနှစ်သက်ဆုံးဖြစ်ပါသနည်းဟု တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးလျှောက်သည့်အခါ ကိုယ်တော်က ဖြေကြားတော်မူသည်မှာ ဖရ်ဿ်ွ ဆွလာသ်ကို အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသည့်အချိန်၌ ဝတ်ပြုခြင်းဖြစ်သည်။ ထို့နောက် မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း၊ ကောင်း ကျိုးပြုခြင်း၊ မိဘ၏ဝတ္တရားများကို ကျေပွန်ခြင်း၊ မိဘအမိန့်ကို မဖီဆန်ခြင်းဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်တော်ကို မြှင့်တင်ရန်၊ အစ္စလာမ်သာသနာနှင့် မွတ်စ်လင်မ်တို့အား ကာကွယ်စောင့်ရှာက်ရန်၊ အစ္စလာမ့်အထိမ်းအမှတ်များကို ဖော်ထုတ်ရန်အတွက် မိမိအသက်နှင့် ဥစ္စာပစ္စည်းကို သုံးစွဲ၍ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းဖြစ်သည်။ အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ပြောပြသည်မှာ ကိုယ်တော်သည် ကျွန်တော့်အား ဤအမလ်ကောင်းမှုများကို မိန့်ကြားတော်မူခဲ့သည်။ အကယ်၍ ကျွန်တော်က ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးမြန်းခဲ့လျှင် ကိုယ်တော်သည် ထပ်မံ၍ဖြေကြားမည်ပင်ဖြစ်သည်။
.....:
အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုပေါ်မူတည်၍ အမလ်ကောင်းမှုများသည် တစ်ခုထက်တစ်ခု ပိုမွန်မြတ်မှုရှိသည်။
ပိုမွန်မြတ်သော ကောင်းမှုများကိုကျင့်ဆောင်ရန် မွတ်စ်လင်မ်တို့အား တိုက်တွန်းထားသည်။
မေးမြန်းသူများနှင့် မေးမြန်းသူများ၏ အခြေအနေကွာခြားချက်အပေါ် မူတည်၍လည်းကောင်း၊ မေးမြန်းသူတစ်ဦးခြင်းစီအတွက် ပိုအကျိုးရှိစေမည့်အရာကို ရှေးရှု၍လည်းကောင်း အမွန်မြတ်ဆုံး အမလ်ကောင်းမှုနှင့် ပတ်သက်၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ဖြေကြားချက်များသည် ကွာခြားမှုရှိသည်။
ဆွဟီးဟ် ဗုခါရီကျမ်း (1/ 112) (527).
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 90) (85).
ထပ်၍ (6)
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 70).
تيسير العلام شرح عمدة الأحكام.
للبسام (ص84).
تنبيه الأفهام شرح عمدة الأحكام.
لابن عثيمين (1/ 108).
Cited in books
5 Booksထပ်၍ (5)
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمالصلاة التي علمها النبي ﷺ الصحابة رضي الله عنهمسَأَلْتُ النَّبِيَّ ﷺ: أَيُّ العَمَلِ أَحَبُّ إِلَى اللَّهِ؟ قَالَ: «الصَّلاَةُ عَلَى وَقْتِهَا»، قَالَ: ثُمَّ أَيٌّ؟ قَالَ: «ثُمَّ بِرُّ الوَالِدَيْنِ» قَالَ: ثُمَّ أَيٌّ؟ قَالَ: «الجِهَادُ فِي سَبِيلِ اللَّهِ» قَالَ: حَدَّثَنِي بِهِنَّ، و
- الصلاة التي علمها النبي ﷺ الصحابة رضي الله عنهمسَأَلْتُ النَّبِيَّ ﷺ: أَيُّ العَمَلِ أَحَبُّ إِلَى اللَّهِ؟ قَالَ: «الصَّلَاةُ عَلَى وَقْتِهَا»، قَالَ: ثُمَّ أَيٌّ؟ قَالَ: «ثُمَّ بِرُّ الوَالِدَيْنِ» قَالَ: ثُمَّ أَيٌّ؟ قَالَ: «الجِهَادُ فِي سَبِيلِ اللَّهِ» قَالَ: حَدَّثَنِي بِهِنَّ، و
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالحسألت رسول الله صلى الله عليه وسلم: أي العمل أحب إلى الله؟ قال: “الصلاة على وقتها”.
- نبراس طالب (1)1أَيُّ العَمَلِ أَحَبُّ إِلَى اللهِ؟ قَالَ: «الصَّلاَةُ عَلَى وَقْتِهَا»
- نبراس طالب (2)نبراس طالب (2) فعن عَبْدِ اللهِ بنِ مسعود رضي الله عنه قَالَ: «سَأَلْتُ النَّبِيَّ صلى الله عليه وسلم: أَيُّ الْعَمَلِ أَحَبُّ إِلَى اللهِ؟ قَالَ: الصَّلَاةُ عَلَى وَقْتِهَا»