အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
ဂျာဗိရ်ဗင်န်အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
«مَنْ لَقِيَ اللهَ لَا يُشْرِكُ بِهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ لَقِيَهُ يُشْرِكُ بِهِ دَخَلَ النَّارَ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးခဲ့ပါက အကယ်၍ ထိုသူသည် သူ၏အချို့သော အပြစ်အကုသိုလ်ကြောင့် ပြစ်ဒဏ်ပေးခြင်းခံရလျှင်လည်း သူပြန်လှည့်ရမည့် နေရာဌာနမှာ ဂျန္နသ်သုခဘုံပင်ဖြစ်မည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်ပြီး (မွရှ်ရိက်)အဖြစ်နှင့် သေဆုံးခဲ့ပါက ထိုသူသည် ဂျဟန္နမ်ငရဲ၌အမြဲနေရမည်ဖြစ်သည်။
...:
သောင်ဟီးဒ်တရား၏ ထွတ်မြတ်မှုနှင့် သောင်ဟီးဒ်တရားသည် ဂျဟန္နမ်ငရဲ၌ အမြဲထာဝရနေထိုင်ရခြင်းမှ လွတ်မြောက်စေရန်အတွက် အကြောင်းခံတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျန္နသ်နှင့် ဂျဟန္နမ် နှစ်ခုစလုံးသည် လူသားနှင့်နီးကပ်ပြီး လူသားနှင့် ထိုဌာနနှစ်ခုကြား၌ သေခြင်းတရားသာ ခြားထားသည်။
‘ရှိရ်က်‘ ဖက်စပ်ယှဉ်တွဲ ကိုးကွယ်မှုကို ရှောင်ကြဉ်မှသာ ဂျဟန္နမ်ငရဲမှ လွတ်မြောက်နိုင်မည်ဖြစ်သောကြောင့် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရှိရ်က်ပြုခြင်းမှ ရှောင်ကြဥ်ရန် သတိပေးတားမြစ်ထားသည်။
လုပ်ရပ်များ၏ အကျိုးဆက်သည် ၎င်း၏ နိဂုံးလုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း (1/ 94) (93).
ထပ်၍ (4)
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص49).
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص60).
Cited in books
6 Booksထပ်၍ (6)
- التوحيد في ضوء عقيدة الإمام الشافعي رحمه الله ونصوصه ومروياته"من لقي الله لا يشرك به شيئا دخل الجنة، ومن لقيه يشرك به شيئا دخل النار".([21])
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«مَنْ لَقِيَ اللهَ لَا يُشْرِكُ بِهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ لَقِيَهُ يُشْرِكُ بِهِ دَخَلَ النَّار»
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«مَنْ لَقِيَ اللهَ لَا يُشْرِكُ بِهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ لَقِيَهُ يُشْرِكُ بِهِ دَخَلَ النَّارَ»
- العقيدة الصحيحةدروس العقيدة الصحيحة«مَنْ لَقِيَ اللَّهَ لا يُشْرِكُ بِهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ لَقِيَهُ يُشْرِكُ بِهِ دَخَلَ النَّارَ»
- العقيدة الصحيحة وما يضادها«من لقي الله لا يشرك به شيئا دخل الجنة ومن لقيه يشرك به شيئا دخل النار»[9]
- كتاب التوحيدكتاب التوحيد للشيخ محمد بن عبد الوهاب((مَنْ لَقِيَ اللهَ لاَ يُشْرِكُ بِهِ شَيْئًا دَخَلَ الْجَنَّةَ، وَمَنْ لَقِيَهُ يُشْرِكُ بِهِ شَيْئًا دَخَلَ النَّارَ)).