ဤနေ့ရက်များ(ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်)၌ ကောင်းမှုပြုလုပ်ခြင်းအား အခြားသောနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ်သည် ပို၍နှစ်သက်တော်မူသည်။
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဤနေ့ရက်များ(ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်)၌ ကောင်းမှုပြုလုပ်ခြင်းအား အခြားသောနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် အလ္လာဟ်အရှင်မြတ်သည် ပို၍နှစ်သက်တော်မူသည်။ သာဝကကြီးများက အို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အရှင်မြတ်လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကို ပို၍နှစ်သက်သည် မဟုတ်လောဟု လျှောက်ထားခဲ့ကြရာ ကိုယ်တော်က မိန့်ကြားသည်မှာ အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ခြင်းကိုလည်း(ထိုရက်များ၏ ကောင်းမှုထက်) ပို၍မနှစ်သက်ပေ။ သို့သော် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန်ထွက်သွားပြီး ၎င်းအရာများကို ပြန်မယူလာသည့် ပုဂ္ဂိုလ်သာလျှင် ပို၍နှစ်သက်ခြင်းခံရမည်ဖြစ်သည်။
«ما مِنْ أيَّامٍ العمَلُ الصَّالِحُ فيها أحبُّ إلى اللهِ مِن هذه الأيام» يعني أيامَ العشر، قالوا: يا رسُولَ الله، ولا الجهادُ في سبيلِ الله؟ قال: «ولا الجهادُ في سبيلِ الله، إلا رجلٌ خَرَجَ بنفسِه ومالِه فلم يَرْجِعْ من ذلك بشيءٍ».
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်၌ ကောင်းမှုပြုလုပ်ခြင်းသည် တစ်နှစ်တာ၏အခြားနေ့ရက်များတွင် ကောင်းမှုပြုလုပ်ခြင်းထက် သာပိုမွန်မြတ်သည်။ သာဝကကြီးများက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဤဆယ်ရက်မှလွဲ၍ အခြားသောနေရက်များတွင် ဂျိဟာဒ်လုပ်ခြင်းက ပို၍မွန်မြတ်ပါသလား သို့မဟုတ် ဤနေ့ရက်များတွင် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းက ပို၍မွန်မြတ်ပါသလားဟု လျှောက်ထားမေးမြန်းခဲ့ကြသည်။ ဤသို့မေးရခြင်းမှာ ဂျိဟာဒ်သည် အမွန်မြတ်ဆုံး အမလ်ကောင်းမှုဖြစ်ကြောင်း သာဝကကြီးများ လက်ခံထားကြသည့်အတွက်ဖြစ်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖြေကြားတော်မူသည်မှာ ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်၌ပြုလုပ်သည့် ကောင်းမှုသည် အခြားသောနေ့ရက်များတွင် ဂျိဟာဒ်ပြုခြင်းထက် ပို၍သာမြတ်သည်။ သို့သော် လူတစ်ဦးသည် မိမိ၏အသက်ဇီဝိန်၊ ဥစ္စာပစ္စည်းတို့နှင့်တကွ ဂျိဟာဒ်ပြုရန် မုဂျာဟိဒ်တစ်ဦးအဖြင့် စွန်လွှတ်စွန့်စားကာထွက်ခွာသွားပြီး အလ္လာဟ့်လမ်းတော်တွင် မိမိ၏ဥစ္စာပစ္စည်းများ ဆုံးရှုံးသွားကာ မိမိအသက်ကိုလည်း ပေးအပ်လိုက်ခဲ့လျှင် ထိုသူသာလျှင် ထိုမွန်မြတ်သည့်ရက်များ၌ အမလ်ကောင်းမှုပြုလုပ်ခြင်းထက် ပို၍မွန်မြတ်မည်ဖြစ်သည်။
الجهاد: هو مقاتلة الكفار لإبلاغ دين الله تعالى للناس أو للدفاع عن الإسلام وأهله.
ဇွလ်ဟဂ်ျလ၏ ပထမဆယ်ရက်သည် အလွန်မွန်မြတ်လှသည်။ သို့ဖြစ်၍ မွတ်စ်လင်မ်တစ်ဦးသည် ထိုရက်များတွင် အလ္လာဟ်အရှင်မြတ်အားများစွာ ဇိက်ရ်လုပ်ခြင်း၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်ခြင်း၊ “အလ္လာဟ် အက်ဗရ်” ဆိုခြင်း၊ “လာအိလာဟ အိလ္လာဟ်“ဆိုခြင်း၊ “အလ်ဟမ်ဒု လိလ္လာဟ်“ဆိုခြင်း၊ ဆွလာသ်ဝတ်ပြုခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ ဆွိယာမ် ဥပုသ်စောင့်ခြင်း၊ အခြားကောင်းမှုကုသိုလ်များကိုပြုလုပ်ကာ အကျိုးရှိစွာ ကုန်ဆုံးရမည်ဖြစ်သည်။
ဆွဟီးဟ် ဗုခါရီကျမ်း (2/ 20) (969).
စုနန်အဗူဒါဝူဒ်ကျမ်း (4/ 102) (2438).
ထပ်၍ (12)
فتح الباري بشرح صحيح البخاري.
لابن حجر (2/ 459).
تطريز رياض الصالحين.
لفيصل آل المبارك (ص699).
شرح رياض الصالحين.
لابن عثيمين (5/ 301).
نزهة المتقين شرح رياض الصالحين.
لمصطفى الخِن وغيره (1/ 884).
كنوز رياض الصالحين.
لمجموعة من الباحثين (15/ 234).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 382).